စာချုပ်ပါလျော်ကြေးအတိုင်း ပေးချေရမှာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် နွေရာသီဈေးကွက်မှာ ကစားသမား ရှာဖွေနေဆဲလို့ သိရပါတယ်။ နောက်ဆုံးထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ရီးရဲလ်အနေနဲ့ ဗလင်စီယာတိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။

 

ရိုဒရီဂိုဟာ မနေ့က ကစားခဲ့တဲ့ အက်သလက်တီကိုအသင်းနဲ့ပွဲစဉ်မှာ ဗလင်စီယာအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းကို ရမှတ် (၁)မှတ်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒို ထွက်ခွာသွားပြီးနောက် တိုက်စစ်ပိုင်းအတွက် ကစားသမား ဖြည့်တင်းမှုတွေ မပြုလုပ်ရသေးတဲ့ ရီးရဲလ်ဟာ အသင်းရဲ့ ကစားသမားဟောင်း ရိုဒရီဂိုကို မျက်စိကျလာတာ ဖြစ်ပါတယ်။

မက်ဆီ ကျန်ရစ်ခဲ့တဲ့ UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု နောက်ဆုံးဆန်ခါတင်စာရင်း 

 

ရီးရဲလ်နည်းပြသစ် လော့ပ်တယ်ဂီ နဲ့ ရိုဒရီဂိုတို့ဟာ စပိန် ယူ-၂၁ အသင်း နဲ့ စပိန်လက်ရွေးစင်အသင်းတို့မှာ လက်တွဲခဲ့ဖူးသူတွေလည်း ဖြစ်ပါတယ်။ ရီးရဲလ်အတွက် အခက်ကြုံနေရတာကတော့ ရိုဒရီဂိုဟာ ဗလင်စီယာနဲ့ ယူရိုသန်း၁၂၀ တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ ရိုဒရီဂိုဟာ ဗလင်စီယာနဲ့ စာချုပ်သက်တမ်း (၄)နှစ် ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။

ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဗလင်စီယာအတွက် လာလီဂါပွဲ (၃၁)ပွဲ ပါဝင်ကစားပေးခဲ့ပြီး (၁၆)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂိုးဖန်တီးမှု (၄)ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး စပိန်ကစားသမားတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။  ၂၀၀၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် (ခ) အသင်းမှာ ကစားပေးခဲ့ပြီးနောက် ဘင်ဖီကာကို ပြောင်းရွှေ့ခဲ့ပြီး ဘော်လ်တန်ကိုလည်း အငှားနဲ့ သွားရောက်ကစားခဲ့သူ ဖြစ်ပါတယ်။

 

လက်ရှိမှာ ဗလင်စီယာရဲ့ အဓိကကစားသမားဖြစ်လာခဲ့တဲ့ ရိုဒရီဂိုအနေနဲ့ အသင်းဟောင်း ရီးရဲလ်ကို ပြန်လည်ပြောင်းရွှေ့သွားမှာလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဗလင်စီယာအသင်း ဥက္ကဌ မာသီက "ရိုဒရီဂိုက အသင်းအတွက် အရမ်းအရေးကြီးတဲ့ ကစားသမား ဖြစ်ပါတယ်၊ ဒါကြောင့် သူ့ရဲ့တန်ဖိုးက မြင့်မားနေပြီး ယူရိုသန်း ၁၂၀တန် လျော်ကြေးစာချုပ် ရှိနေပါတယ်" လို့ ရိုဒရီဂိုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က