ထူးခြားသတင်းတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်တွေ ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

 

- ရီးရဲမက်ဒရစ်အသင်းဟာ လိုင်ယွန်အသင်းကို ရောင်းချခဲ့တဲ့ တိုက်စစ်မှူး မာရီယာနိုကို ပြန်လည်ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး ဆီဗီလာအသင်းရဲ့ ခေါ်ယူဖို့ကြိုးပမ်းမှုကို တားဆီးပိတ်ဆို့သွားမယ်လို့ Marca မှာ ဖော်ပြထားပါတယ်။ ဆီဗီလာအသင်းဟာ မာရီယာနိုကို ယူရိုသန်း ၃၀ နဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပြီး ရီးရဲမက်ဒရစ်အသင်းက မာရီယာနိုကို ရောင်းချရမှာ ကစားသမားအသင်းပြောင်းရွှေ့ရင် ရရှိတဲ့အမြတ်ကို ခွဲဝေပေးရမယ်ဆိုတဲ့အချက်ပါဝင်နေပေမယ့် အမြတ်ငွေထက် ကစားသမားကို ပြန်ခေါ်ဖို့ ထိုက်တန်တယ်လို့ ယူဆနေတာဖြစ်ပါတယ်။

 

- မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး မာရှယ်ဟာ နည်းပြမော်ရင်ဟိုနဲ့ အက်ဒ်ဝုဒ်ဝဒ်တို့ကြားက မြေစာပင်ဖြစ်နေတယ်လို့ သိရပါတယ်။ မာရှယ်ဟာ မန်ယူအသင်းကနေ ထွက်ခွာလိုနေပေမယ့် မန်ယူအသင်းက အေစီမီလန်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ RMC Sport က ရေးသားထားပါတယ်။ မော်ရင်ဟိုက မာရှယ်ကို ရောင်းချပြီး ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ငွေကြေးပိုမိုသုံးစွဲနိုင်တယ်လို့ ယူဆနေပေမယ့် အက်ဒ်ဝုဒ်ဝဒ်က မာရှယ်ကို ထိန်းသိမ်းထားလိုနေတာဖြစ်ပါတယ်။

 

- တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကွင်းလယ်ကစားသမား မူဆာဆစ်ဆိုခိုကို တူရကီကလပ်အသင်းဖြစ်တဲ့ ဖီနာဘာချီအသင်းက အငှားနဲ့ ခေါ်ယူလိုနေတယ်လို့ The Sun ရဲ့သတင်းအရ သိရပါတယ်။ စပါးအသင်းရဲ့ဘောလုံးဒါရိုက်တာဟောင်းဖြစ်တဲ့ ဒေမီယန်ကိုမိုလီဟာ လက်ရှိအချိန်မှာ ဖီနာဘာချီအသင်းရဲ့ ဘောလုံးဒါရိုက်တာအဖြစ်တာဝန်ယူနေပြီး ဆစ်ဆိုခိုကို အပြီးသတ်ခေါ်ယူခွင့်ပါတဲ့ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

 

- ဗလင်စီယာအသင်းဟာ အငှားစာချုပ်နဲ့ ပီအက်စ်ဂျီအသင်းကနေလာရောက်ကစားနေတဲ့ ဂွန်ကာလိုဂွဲဒက်စ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ ဂွဲဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဗလင်စီယာအသင်းမှာ အငှားနဲ့ကစားခဲ့သူဖြစ်ပြီး ဗလင်စီယာအသင်းက ဂွဲဒက်စ်ရဲ့ စွမ်းဆောင်ရည်ကို သဘောကျခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဂွဲဒက်စ်ရဲ့ပြောင်းရွှေ့ကြေးကို နှစ်ဖက်အသင်းစလုံးက ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် ခန့်မှန်းခြေပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က