လာကာဇက်ကတော့ အာဆင်နယ်က ထွက်ခွာဖို့ စဉ်းစားနေတာပါ။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရရှိထားတဲ့ အပြောင်းအရွှေ့ သတင်းများကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။



 

- အာဆင်နယ်တိုက်စစ်မှူး လာကာဇက်ဟာ အသင်းကနေထွက်ခွာဖို့ စဉ်းစားနေတယ်လို့ Le10Sport က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ် အသင်းမှာ လက်ရှိရပ်တည်နေရတဲ့ သူ့ရဲ့ အခန်းကဏ္ဍအပေါ်မှာ လာကာဇက်က စိတ်တိုင်းကျခြင်းမရှိဘူးလို့ သိရပါတယ်။ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့အတွက် လာကာဇက်က အလိုရှိနေပေမယ့် အူနိုင်းအမ်မရီကတော့ အူဘာမီယန်းကိုသာ ဦးစားပေးအသုံးပြုနေတာလည်း ဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းခင်မှာ လာကာဇက်ဟာ အသင်းပြောင်းဖို့ ကြိုးစားနိုင်ဖွယ် ရှိနေပါတယ်။

Photo : Goal.com

 

- မန်စီးတီးကစားသမားဟောင်း ယာယာတိုရေးဟာ လန်ဒန်ကလပ်အသင်းတစ်သင်းနဲ့ ဆေးစစ်ဆေးမှု ခံယူရာမှာ အောင်မြင်ခဲ့တယ်လို့ တိုရေးရဲ့ အေးဂျင့်က ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။ အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ တိုရေးကို ဝက်စ်ဟမ်းက ချိတ်ဆက်မှုတွေ ရှိနေပေမယ့်လည်း ကစားသမားရဲ့ အေးဂျင့်ကတော့ ဝက်စ်ဟမ်းမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ အခြားလန်ဒန်အသင်းတွေဖြစ်တဲ့ ဖူလ်ဟမ် နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ဖြစ်နိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Photo : Goal.com

 

- ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဘယ်နောက်ခံလူ ဘားနက်ကို ယူရို၁၅သန်း နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ RMC Sport က ဖော်ပြသွားခဲ့ပါတယ်။ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မတိုင်ခင်မှာ နှစ်ဖက်အသင်းကြား အပြောင်းအရွှေ့အတွက် အပြီးသတ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဖိလစ်ပီလူးဝစ္စကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

Photo : Goal.com

- ဘာစီလိုနာအသင်းဟာ မိုဟာမက်ဆာလာ၊ ဟယ်ရီကိန်း နဲ့ လိုဇာနို အစရှိတဲ့ ကစားသမားတွေကို သူတို့ခေါ်ယူမယ့် ကစားသမား စာရင်းထဲမှာ ထည့်သွင်းထားပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ကတ်တလန်ကလပ်အသင်းဟာ ဆွာရက်ဇ်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေပြီး ရေရှည်အသုံးပြုလို့ရမယ့် တိုက်စစ်မှူးကို ရှာဖွေနေပြီ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာကိုလည်း ဘာစီလိုနာက သူတို့ရဲ့ စောင့်ကြည့်စာရင်းထဲ ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။

Photo : Goal.com

 

- ဘာစီလိုနာတိုက်စစ်မှူး ပါကိုအယ်လ်ကာဆာဟာ ဒေါ့မွန်အသင်းကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရပါတယ်။ ဒေါ့မွန်အနေနဲ့ အငှားခေါ်ယူမှုအတွက် ယူရို (၂)သန်းပေးချေခဲ့ရပြီး လေးနှစ်စာချုပ်နဲ့ အပြီးသတ်ဝယ်ယူခွင့် စာချုပ်ကိုပါ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒေါ့မွန်အနေနဲ့ အယ်လ်ကာဆာကို ဝယ်ယူပါက ယူရို၂၃သန်း ပေးချေရမှာဖြစ်ပြီး နောက်ထပ်အပိုကြေးအနေနဲ့ ယူရို (၅)သန်းပေးချေရမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က