ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲအတွက် လူစာရင်းပါ။

ပြင်သစ်လက်ရွေးစင်အသင်းရဲ့နည်းပြ ဒက်စ်ချမ့်ဟာ ပြင်သစ်အသင်းကို ရုရှားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ယမန်နေ့ညမှာတော့ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ပဏာမကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

1535627973_1f671.jpg 

ပြီးခဲ့တဲ့လက ခရိုအေးရှားအသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ၄ ဂိုုး ၂ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ပြင်သစ်အသင်းဟာ လာမယ့်စက်တင်ဘာလ ၆ ရက်နေ့မှာ ဥရောပနေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဂျာမနီအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဂျာမနီနဲ့ပွဲစဉ်အပြီး နောက်ထပ် ၃ ရက်အကြာမှာတော့ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

နည်းပြဒက်စ်ချမ့်ဟာ ကမ္ဘာ့ဖလားအောင်မြင်မှုရရှိပြီးနောက် ပထမဆုံး အသင်းရဲ့လူစာရင်းကို ရွေးချယ်ခဲ့တာဖြစ်ပြီး အပြောင်းအလဲဆိုလို့ တစ်ခုသာ ပြုလုပ်ထားပါတယ်။ အဲဒီအပြောင်းအလဲကတော့ စတိဗ်မန်ဒန်ဒါရဲ့နေရာမှာ ဘော်ဒိုးအသင်းဂိုးသမား ဘီနွိုက်ကော်စတေးလ်ကို အစားထိုးခဲ့တာဖြစ်ပါတယ်။

 

ပြင်သစ်လက်ရွေးစင်အသင်းရဲ့ပဏာမလူစာရင်းမှာ အာဆင်နယ်အသင်းကြယ်ပွင့်တိုက်စစ်မှူး လာကာဇက်၊ မန်ယူအသင်းရဲ့တိုက်စစ်မှူး မာရှယ်၊ မန်စီးတီးနောက်ခံကစားသမား လာပို့တ်တို့ ထပ်မံချန်လှပ်ခံခဲ့ရပြီး ကာဇာဝါ၊ ကင်းစလေကိုးမန်း၊ ရာဘီရော့၊ ကီဗင်ဂမီရို၊ ဘန်ရက်ဒါ စတဲ့ ကစားသမားတွေလည်း ချန်လှပ်ခံခဲ့ရပါတယ်။ မာဆေးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒီမီထရီပါရက်ကတော့ ဒဏ်ရာရရှိနေတာကြောင့် ချန်လှပ်ခဲ့တာလို့ သိရပါတယ်။

ဘောလုံးနဲ့ပတ်သက်ပြီး သင် မသိသေးတဲ့အချက် ၃ ချက် 

ပြင်သစ်အသင်းရဲ့ပဏာမ ၂၃ ဦးစာရင်း

 

ဂိုး- လိုရစ်(စပါး)၊ ဘီနွိုက်ကော်တေးလ်(ဘော်ဒိုး)၊ အာရီယိုလာ(ပီအက်စ်ဂျီ)။

နောက်တန်း- ဆိုက်ဒီဘေး(မိုနာကို)၊ ရာမီ(မာဆေးလ်)၊ ပါဗက်(စတုဂတ်)၊ ဗာရာနီ(ရီးရဲ)၊ ကင်ပန်ဘီ(ပီအက်စ်ဂျီ)၊ အမ်တီတီ(ဘာစီလိုနာ)၊ လူးကပ်စ်ဟာနန်ဒက်ဇ်(အက်သလက်)၊ မန်ဒီ(မန်စီးတီး)။

အလယ်တန်း- ပေါ့ဂ်ဘာ(မန်ယူ)၊ ကန်တေ(ချယ်ဆီး)၊ တိုလစ်ဆို(ဘိုင်ယန်)၊ မတွီဒီ(ဂျူဗင်တပ်)၊ အမ်ဇွန်ဇီ(ရိုးမား)၊ သောမတ်စ်လီမာ(အက်သလက်)။

ရှေ့တန်း- ဘတ်ပီ(ပီအက်စ်ဂျီ)၊ ဂီရော့ဒ်(ချယ်ဆီး)၊ ဂရစ်ဇ်မန်း(အက်သလက်တီကို)၊ ဒမ်ဘီလီ(ဘာစီလိုနာ)၊ ဖီကီရာ(လိုင်ယွန်)၊ သူဗင်(မာဆေးလ်)။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က