နိုင်ငံတကာသွင်းဂိုး (၃၂)ဂိုး ရှိသွားပြီ ဖြစ်ပါတယ်။

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ Nations League ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပြင်သစ် နဲ့ နယ်သာလန်အသင်းတို့ရဲ့ ပွဲမှာ ပြင်သစ်အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘတ်ပီက ပြင်သစ်အတွက် ဦးဆောင်ဂိုး သွင်းခဲ့ပြီး နယ်သာလန် ဝါရင့်ကစားသမား ဘာဘယ်က ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ပြင်သစ်အတွက် ဂီရော့ဒ်က အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးပြီး ကမ္ဘာ့ဖလားချန်ပီယံတို့ နိုင်ပွဲရရှိခဲ့ပါတယ်။

Photo : Mirror

 

ပြင်သစ်အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အသက် (၃၁)နှစ်အရွယ် တိုက်စစ်မှူး ဂီရော့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးမသွင်းယူ နိုင်ခဲ့ပြီးနောက် ဂိုးရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂီရော့ဒ်ရဲ့ အနိုင်ဂိုးဟာ သမိုင်းဝင်စံချိန်မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်စေခဲ့ပြီး ပြင်သစ်ဂန္ထဝင်ကစားသမားကြီး ဇီဒန်းရဲ့ စံချိန်တစ်ခုကိုပါ ကျော်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo : Mirror

 

ဂီရော့ဒ်ဟာ နယ်သာလန်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် နိုင်ငံတကာသွင်းဂိုး (၃၂)ဂိုးအထိ ရှိသွားခဲ့ပြီ ဖြစ်ပြီး ဇီဒန်းရဲ့ (၃၁)ဂိုး စံချိန်ကို ကျော်တက်ကာ ပြင်သစ်အသင်းရဲ့ ထာဝရဂိုးသွင်းရှင်များစာရင်းမှာ အဆင့်(၄)နေရာကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ တတိယနေရာမှာတော့ တိုက်စစ်မှူးဟောင်း ထရာဇီဂေးက (၃၄)ဂိုးနဲ့ ရပ်တည်နေခဲ့ပါတယ်။

Photo : Mirror

 

ပလာတီနီက (၄၁) ဂိုးသွင်းယူကာ ဒုတိယနေရာမှာ ရှိနေခဲ့ပြီး သီယာရီအွန်နရီကတော့ (၅၁)ဂိုးအထိ သွင်းယူပေးထားပြီး ပြင်သစ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နေခဲ့တာ ဖြစပါတယ်။ ပြင်သစ်နည်းပြ ဒက်ချမ့်ရဲ့ နည်းစနစ်ပိုင်းမှာ ဂီရော့ဒ်ဟာ အရေးပါအရာရောက်တဲ့သူ ဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့် ရရှိနေသူ ဖြစ်ပါတယ်။

Photo : Goal.com

 

ဂီရော့ဒ်ကို ပုံမှန်ကစားခွင့်ပေးနေမှုအပေါ်မှာ ပရိသတ်တွေက ဝေဖန်မှုတွေ ရှိနေခဲ့ပေမယ့် ဒက်ချမ့်ကတော့ သူ့ရဲ့ ကစားသမားအပေါ် ယုံကြည်မှုအပြည့်အ၀ ရှိနေခဲ့ပြီး နည်းစနစ်၊ နည်းဗျူဟာပိုင်းအရ ဂီရော့ဒ်ဟာ အကောင်းဆုံးကစားနိုင်သူ ဖြစ်တယ်လို့ ကာကွယ်ပြောကြား ခဲ့ပါတယ်။ ဂီရော့ဒ်အတွက်တော့ ဒက်ချမ့်ရဲ့ ယုံကြည်မှုနဲ့အတူ ဇီဒန်းရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဂုဏ်ယူစရာတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က