ယခုအပတ်မှာ လိဂ်ပွဲစဉ်တွေပြန်လည်စတင်မှာပါ။

ဥရောပထိပ်သီးလိဂ် ၅ ခုဟာ နိုင်ငံတကာပွဲစဉ်တွေကြောင့် ခေတ္တရပ်နားထားပြီး ယခုအပတ်မှာ လိဂ်ပွဲစဉ်တွေ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူးခရစ်စတီယာနိုရော်နယ်ဒိုနဲ့ အေစီမီလန်ကို ပြောင်းရွှေ့သွားတဲ့ ဟီဂူအင်တို့ဟာ ခုအချိန်အထိ ဂိုးပေါက်ရှာမတွေ့သေးဘဲ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ဂိုးပေါက်ပျောက်နေတဲ့ နောက်ထပ် ကြယ်ပွင့်ကစားသမား ၁၀ ဦး ထပ်ရှိနေပါသေးတယ်။

1536838180_23466.jpg

Photos: Soccerladuma

 

ကြယ်ပွင့်ကစားသမားတွေရဲ့ ဂိုးပေါက်ရှေ့မှာ ဂိုးပေါက်ပျောက်ဆုံးနေခြင်းဟာ အကြောင်းအမျိုးမျိုးရှိကောင်းရှိနိုင်ပြီး နိုင်ငံတကာအားလပ်ရက်က ၎င်းတို့ထဲက အချို့ကစားသမားတွေကို ဂိုးပေါက်ပြန်လည်ရှာတွေ့စေနိုင်မှာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဂိုးပေါက်ပျောက်ဆုံးနေတဲ့ ကြယ်ပွင့်ကစားသမားစာရင်းမှာ အကြီးမားဆုံးကြယ်ပွင့်ကစားသမားဆိုတာ အငြင်းပွားစရာမလိုဘဲ ဂျူဗင်တပ်အသင်းအတွက် ဂိုးပေါက်ရှာမတွေ့သေးတာကတော့ အံ့အားသင့်စရာဖြစ်ပါတယ်။

အပစ်ပယ်ခံရွာလေးရဲ့စွန့်ဦးတီထွင်သူ (သို့) ဆာဒီယိုမာနေး 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၂၀၁၈-၂၀၁၉ ရာသီမှာ ဂျူဗင်တပ်အသင်းအတွက် မိနစ် ၂၇၀ ကစားထားပြီး ဂိုးကန်သွင်းမှု အကြိမ် ၂၀ ကျော်ပြုလုပ်ထားပြီးဖြစ်ပေမယ့် ဂိုးမသွင်းယူနိုင်သေးတာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာကလည်း ယခုရာသီအစ ၃ ပွဲစလုံးမှာပါဝင်ကစားပေးခဲ့ပြီး ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်အများစုကတော့ ဒီယေဂိုကော်စတာ ဂိုးသွင်းဖို့ သိပ်မကြာလောက်တော့ဘူးလို့ ခံစားနေရပါတယ်။

Photos: Soccerladuma

 

လက်စတာစီးတီးအသင်းကနေ မန်ချက်စတာစီးတီးအသင်းကို ယူရို ၆၈ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ မာရက်ဇ်ကလည်း ဂိုးကံခေနေပါတယ်။ မာရက်ဇ်အနေနဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာရဲ့ ကစားကွက်ပုံစံနဲ့ ရင်းနှီးဖို့အချိန်လိုသေးသလို အသင်းဖော်တွေနဲ့ အချိတ်အဆက်သိပ်မမိသေးပါဘူး။

Marca ရဲ့စာရင်းအရ နောက်ထပ် ဂိုးပေါက်ရှာမတွေ့သေးတဲ့ ကြယ်ပွင့်ကစားသမားတွေကတော့ အလက်ဆစ်ဆန်းချက်ဇ်(မန်ချက်စတာယူနိုက်တက်)၊ အိုဇေးလ်(အာဆင်နယ်)၊ ဒီဘာလာ(ဂျူဗင်တပ်)၊ အဲရစ်ဆင်(စပါး)၊ အဆန်စီယို-ရီးရဲမက်ဒရစ်(ဥရောပနေးရှင်းလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့)၊ တီမိုဝါနာ(လိုက်ပ်ဇစ်)၊ သောမတ်စ်လီမာ(အက်သလက်တီကိုမက်ဒရစ်)၊ အီကာဒီ(အင်တာမီလန်)။

Share

Loading Next Article...
က္က