ကျန်တဲ့အဓိကဆုဖလားတွေကို ရယူနိုင်ခဲ့သူတွေပါ။

ဘောလုံးသမားတိုင်းရဲ့အိပ်မက်ဟာ လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ဖို့နဲ့ ကလပ်အသင်းအတွက် ဥရောပရဲ့အမြင့်မားဆုံး အောင်မြင်မှုဖြစ်တဲ့ ဥရောပချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းအဆင့်ခြေစွမ်း ပိုင်ဆိုင်တဲ့ကစားသမားတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မယ့်အသင်းတွေကို ပြောင်းရွှေ့ပြီး ၎င်းတို့ရဲ့အိပ်မက်ကို အသက်သွင်းဖို့ ခေတ်အဆက်ဆက်က ကြိုးစားခဲ့ကြပါတယ်။



အပစ်ပယ်ခံရွာလေးရဲ့စွန့်ဦးတီထွင်သူ (သို့) ဆာဒီယိုမာနေး 

ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒို၊ မက်ဆီ၊ ဇာဗီ၊ ပေါလ်စခိုး၊ ဖိလစ်လမ်း စတဲ့ ကစစားသမားတွေဟာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ကြတဲ့ ကစားသမားတွေဖြစ်ပါတယ်။ ယင်းကစားသမားတွေနည်းတူ ကမ္ဘာ့ထိပ်တန်းအဆင့် ခြေစွမ်းပိုင်ဆိုင်ခဲ့ကြပေမယ့် ချန်ပီယံလိဂ်ဖလားကို လုံးဝကိုင်မြှောက်ခွင့်မရခဲ့ဘဲ လွဲချော်ခဲ့ကြတဲ့ ကစားသမား ၅ ဦးရှိခဲ့ပါတယ်။

 

၅။ ဖေဘီယိုကနာဗားရိုး

Photos: Sportskeeda

 

အီတလီဂန္တဝင်ခံစစ်ကစားသမား ကနာဗားရိုးဟာ အင်တာမီလန်၊ ဂျူဗင်တပ်၊ ရီးရဲမက်ဒရစ်၊ ပါးမားအသင်းတို့မှာ ကစားခဲ့ဖူးပြီး ပြည်တွင်းအမှတ်ပေးဖလား၊ ဘလွန်းဒီအော်နဲ့ ကမ္ဘာ့ဖလားကိုတောင် ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းကို ကြယ်စင်စုအသင်းအဖြစ် စုဖွဲ့ခဲ့စဉ်က ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့်မရရှိခဲ့သူဖြစ်ပါတယ်။ ကနာဗားရိုးဟာ ၂၀၀၃ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်တာမီလန်အသင်းနဲ့အတူ ချန်ပီယံဖြစ်ဖို့ သိပ်မဝေးကွာတော့တဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် အေစီမီလန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဆန်စီရိုကွင်းမှာ အဝေးဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ ကနာဗားရိုးအနေနဲ့ အရင်တုန်းက ချန်ပီယံလိဂ်ဖလားကို ရရှိဖို့အတွက် ဒီလောက်ထိနီးစပ်မှုမရှိခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ကနာဗားရိုးဟာ ဂျူဗင်တပ်၊ ရီးရဲမက်ဒရစ်အသင်းတို့လို ထိပ်သီးအသင်းကြီးတွေကိုတောင် သွားရောက်ကစားခဲ့ပေမယ့် ကလပ်အသင်းကစားသမားဘဝရဲ့အအောင်မြင်ဆုံး ဆုဖလားတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို မရယူနိုင်ခဲ့ပါဘူး။

 

၄။ ရုဒ်ဗန်နစ္စတယ်ရွိုင်း

Photos: Sportskeeda

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်မှာ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ ၇၃ ပွဲမှာ ၅၆ ဂိုးအထိ သွင်းယူပြီး စတုတ္ထမြောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် နစ္စတယ်ရွိုင်းဟာ ချန်ပီယံလိဂ်ဖလားကို ဘယ်တုန်းကမှ မရရှိခဲ့တဲ့ ဂိုးသွင်းအများဆုံးစာရင်းဝင် ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

နစ္စတယ်ရွိုင်းဟာ မတူညီတဲ့အချိန်တွေမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး ထိပ်တန်းအဆင့်ခြေစွမ်းရှိတဲ့ တိုက်စစ်မှူးဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကို မရရှိခဲ့တဲ့အတွက် နောင်တရစရာဖြစ်ခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်း ၃ သင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး မန်ယူနဲ့ ရီးရဲမက်ဒရစ်အသင်းတို့နဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ ၎င်းရဲ့ရှေ့က ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ လက်တစ်ကမ်းအကွာရောက်ခဲ့တဲ့ ကနာဗားရိုးလိုပဲ နစ္စတယ်ရွိုင်းကလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ကနာဗားရိုးနည်းတူ နစ္စတယ်ရွိုင်းလည်း ၂၀၀၂ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ လေဗာကူဆင်အသင်းကို အဝေးဂိုးနဲ့ ရှုံးနိမ့်ပြီး ဗိုလ်လုပွဲတက်ရောက်ခွင့်ဆုံးရှုံးခဲ့ပါတယ်။

 

၃။ ဘူဖွန်

Photos: Sportskeeda

 

ပရိသတ်တွေအားလုံး ချန်ပီယံလိဂ်ဆုဖလားကို ရရှိစေချင်တဲ့ကစားသမားကို ပြပါဆိုရင် အီတလီဝါရင့်ဂိုးသမားကြီး ဘူဖွန်ကို ပြရမှာပါ။ စီးရီးအေဖလားကို ၁၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ ဘူဖွန်ဟာ ချန်ပီယံလိဂ်ဖလားနဲ့လက်တကမ်းအကွာကနေ အမြဲလှည့်ပြန်ခဲ့ရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဘူဖွန်ဟာ ချန်ပီယံလိဂ်ဖလားကို မရရှိဘဲ ပွဲအများဆုံးပါဝင်ကစားခဲ့တဲ့ ကစားသမားအဖြစ် စံချိန်သစ် ရေးထိုးနိုင်ခဲ့ပြီး ၁၂၅ ပွဲအထိ ကစားခဲ့တာဖြစ်ပါတယ်။ ဘူဖွန်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၃ ကြိမ်အထိ ရှုံးနိမ့်ထားတဲ့ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဗိုလ်လုပွဲမှာ ဆုဖလားမရရှိခဲ့ဘဲ အခြားကစားသမားတွေထက် ဆိုးရွားတဲ့ကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဘူဖွန်ရဲ့ရင်နာဖွယ်ဗိုလ်လုပွဲရှုံးနိမ့်မှုမှတ်တမ်းတွေကတော့ ၂၀၀၃ ခုနှစ်မှာ အီတလီပြိုင်ဘက် အေစီမီလန်အသင်းနဲ့ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာ၊ ၂၀၁၇ ခုနှစ်မှာ ရီးရဲမက်ဒရစ်တို့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

 

၂။ ဇလာတန်အီဘရာဟီမိုဗစ်

Photos: Sportskeeda

 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့အသင်း ၇ သင်းအတွက် ကစားပေးခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မှ မရယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ မတူညီတဲ့အသင်း ၆ သင်း(မန်ယူအသင်းနဲ့ ဂိုးမသွင်းနိုင်ခဲ့)အတွက် ဂိုးသွင်းယူခဲ့တဲ့ကစားသမားဖြစ်ပြီး ဘူဖွန်က ၎င်းရဲ့စံချိန်ကို မချိုးဖျက်မီအချိန်အထိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနိုင်မရရှိဘဲ ပွဲအများဆုံးပါဝင်ကစားပေးထားတဲ့ကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ မြင့်မားတဲ့အဆင့်အတန်းမှာရှိနေတဲ့ ထိပ်တန်းလိဂ်တွေမှာ နှစ်ပေါင်းများစွာ ခြေစွမ်းပိုင်းတည်ငြိမ်စွာနဲ့ ကစားနိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်အဆင့်အထိသာ တက်ရောက်နိုင်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ဖို့ ကံဇာတာမပါလာဘူးလို့ ပြောရလောက်အောင်ပဲ တေ့လွဲလွဲခဲ့သူဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၀ မှာ မိုဗစ်ရဲ့အသင်းဟောင်း အင်တာမီလန်အသင်းက မိုဗစ်ပါဝင်ကစားပေးနေတဲ့ ဘာစီလိုနာအသင်းကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ အင်တာမီလန်အသင်း ချန်ပီယံလိဂ်ရရှိတဲ့ယင်းနှစ်မတိုင်မီ ၁ နှစ်မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ရရှိမယ့်နှစ်မှာလည်း အေစီမီလန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

 

၁။ ရော်နယ်ဒို

Photos: Sportskeeda

 

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံမဖြစ်ဖူးတဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး ဘလွန်းဒီအော် ၂ ကြိမ်၊ ကမ္ဘာ့ဖလား ၂ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲပေါင်း ၄၀  ပါဝင်ကစားပေးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ရော်နယ်ဒိုဟာ ဥရောပရဲ့အမြင့်မားဆုံးအောင်မြင်မှုဆီကိုတော့ မရောက်ရှိနိုင်ခဲ့ပါဘူး။

ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အအောင်မြင်ဆုံးအချိန်ကတော့ ၂၀၀၃ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ရီးရဲမက်ဒရစ်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ဂျူဗင်တပ်အသင်းကို ၂ ကျော့ပေါင်း ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ယင်းနှစ်က ဗိုလ်လုပွဲမှာ အီတလီအသင်းအချင်းချင်း ပြန်လည်တွေ့ဆုံခဲ့ကြပြီး အေစီမီလန်အသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့ ဂျူဗင်တပ်အသင်းကို အနိုင်ရရှိပြီး ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က