AD
AD
AD

၂၀၁၂ ခုနှစ်တုန်းက စပါးအသင်းကနေ စက်တင်ဘာလမှ ပြောင်းရွှေ့ခဲ့တာ ဖြစ်သော်လည်း စပိန်တရားရုံးကတော့ အခွန်ရှောင်ခဲ့သ မျှကို စပိန်မှာသာ ပြန်လည်ပေးသွင်းရမယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

play
Photo - Automatic Blogging Automatic Blogging

 

စပိန်အကောက်ခွန်ရုံးကတော့ ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ နောက်ကို တောက်လျှောက်ကို မြေလှန်နေခဲ့ပြီး ဒီတစ်ကြိမ် အလှည့်ကျလာ တာကတော့ လူကာမိုဒရစ်ပဲ ဖြစ်ပါတယ်။

 

မိုဒရစ်ကတော့ ၂၀၁၂ ခုနှစ်က ပေးဆောင်ရမယ့် အခွန်ငွေ ယူရို ၁.၂ သန်းကို ပေးဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် မိုဒရစ်အနေနဲ့ ၂၀၁၂ ခုနှစ်စက်တင်ဘာမှ စပါးကနေ ရီးရဲကို ပြောင်းလာတာ ဖြစ်ပြီး အဆိုပါ ၂၀၁၂ခုနှစ်အတွင်း စပိန်မှာ ၄ လသာနေထိုင် ထားပေမယ့်လည်း ကျခံရသမျှ အခွန်ငွေကို စပိန်မှာသာ ပေးဆောင်ရမယ်လို့ စပိန်အခွန်ဌာနက ထုတ်ပြန်ထားပါတယ်။

play
Photo - Real Madrid - Diario AS

 

လက်ရှိမှာတော့ ၎င်းရဲ့ အခွန်ငွေရှောင်တိမ်းမှု ကို ဆက်လက်စစ်ဆေး ဆောင်ရွက်နေပြီး ခန့်မှန်းခြေ ယူရို ၂.၁ သန်း ပေးဆောင်ရဖို့ရှိနေတယ် လို့လည်း စပိန်မီဒီယာတွေက ဖော်ပြနေပါတယ်။

မိုဒရစ်ကတော့ ဒီဖြစ်ရပ်ကို ငြင်းဆန်ခဲ့ခြင်းမရှိခဲ့တဲ့အပြင် အခုလို ဖြစ်ရပ် ဖြစ်ပေါ်ခဲ့တဲ့အတွက်လည်း စပိန်အာဏာပိုင်တွေကို တောင်းပန်စကား ဆိုခဲ့ပါသေးတယ်။

play
Photo - The Japan Times

 

မိုဒရစ်အနေနဲ့ စပိန်မှာ ၆ နှစ်တာ ကျင်လည်ခဲ့ပြီးနောက် လက်ရှိအချိန်မှာလည်း စပိန်ကလပ် ရီးရဲမှာပဲ ဆက်လက်ကစားနေပြီး ပူပူနွေးနွေး ဥရောပအကောင်းဆုံး ကစားသမားဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

ထပ်မံပြီးတော့လည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ထိပ်ဆုံးကနေ ရေပန်းစားနေပြီး အခုလိုမျိုး အခွန်ရှောင်မှုကြောင့် ဒဏ်ငွေနဲ့ ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူတွေထဲမှာ ၎င်းရဲ့ အသင်းဖော်ဟောင်းရော်နယ်ဒိုအပါအ၀င်၊အဓိကပြိုင်ဖက် မက်ဆီ၊မာဆယ်လို၊အစရှိတဲ့ ကစားသ မားတွေ အပြင် အခြားသော ထိပ်တန်း ကစားသမားများစွာ ရှိနေခဲ့ဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD