ကက်ဂလီယာရီနဲ့ပွဲမှာ သွင်းယူပေးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေပွဲစဉ် (၄)မှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပထမဆုံး စီးရီးအေသွင်းဂိုးကို စတင်ရရှိသွားခဲ့ပါတယ်။ ဆက်ဆူအိုလိုအသင်းနဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုက ဒုတိယပိုင်းမှာ အနိုင်ဂိုး (၂)ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကက်ဂလီယာရီ နဲ့ အေစီမီလန်တို့ပွဲမှာလည်း အေစီတိုက်စစ်မှူး ဟီဂူအင်က ဒီနှစ်အတွက် ပထမဆုံး သွင်းဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။



Photo : ESPN

ဂျူဗင်တပ်စ်အသင်းကနေ အငှားလာရောက်ကစားနေတဲ့ ဟီဂူအင်ဟာ စီးရီးအေအဖွင့်ပွဲ (၂)ပွဲမှာ ဂိုးပေါက်ပျောက်နေတာဖြစ်ပြီးတော့ ရော်နယ်ဒိုလိုပဲ ရုန်းကန်နေခဲ့ရသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ဂျူဗင်တပ်စ်ရဲ့ အဓိကဂိုးသွင်းစက် ဖြစ်ခဲ့တဲ့ ဟီဂူအင်ဟာ အသင်းသစ်မှာ အထိုင်ကျဖို့ ရုန်းကန်နေခဲ့ရပြီး သွင်းဂိုးတစ်ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။

Photo : ESPN

 

ကက်ဂလီယာရီအသင်းဟာ ဆန်းတို့စ်ဂယ်လ်ဗာအိုရဲ့ ပွဲချိန် (၄)မိနစ်မှာကတည်းက သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ အေစီမီလန်ကို ဦးဆောင်နိုင်ခဲ့ပြီး ဟီဂူအင်က ဒုတိယပိုင်း (၅၅)မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ကက်ဂလီယာရီ နဲ့ အေစီမီလန်တို့ဟာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲအဖြစ် အဆုံးသတ်ခဲ့ပါတယ်။

Photo : ESPN

 

သရေရလာဒ်ကြောင့် အေစီမီလန်ဟာ (၃)ပွဲကစားပြီးချိန်မှာ ရမှတ် (၄)မှတ် ပိုင်ဆိုင်ခဲ့ပြီး အဆင့် (၁၄)နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဟီဂူအင်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ (၂)ရာသီအတွင်း ဂျူဗင်တပ်စ်အတွက် လိဂ်ဂိုး (၄၀)အထိ သွင်းယူပေးခဲ့တာဖြစ်ပြီး ရော်နယ်ဒို ဂျူဗင်တပ်စ်ကို ရောက်ရှိလာပြီးနောက် အေစီမီလန်ကို ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။

Photo : ESPN

 

အာဂျင်တီးနားတိုက်စစ်မှူးဟာ ပွဲချိန်ပြီးဆုံးခါနီးမှာ နောက်ထပ်သွင်းဂိုးတစ်ဂိုး ရရှိဖို့ အခွင့်အရေးပိုင်ဆိုင်ခဲ့ပေမယ့်လည်း  သူ့ရဲ့ ခေါင်းတိုက်သွင်းချက်ဟာ ဂိုးပေါက်နဲ့ လွဲချော်ခဲ့ရပါတယ်။ အခြားပွဲစဉ်တစ်ခုဖြစ်တဲ့ ရိုးမား နဲ့ ချီယေဗိုတို့ရဲ့ ပွဲမှာတော့ တစ်ဖက်ကို (၂)ဂိုးစီ သရေပွဲဖြစ်ခဲ့ပြီး ဦးဆောင်ဂိုးတွေ ရရှိခဲ့တဲ့ ရိုးမားအတွက် (၂)မှတ် နစ်နာသွားခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က