အလီနဲ့ လိုရစ်တို့ ပါဝင်နိုင်ခြင်းမရှိသေးပါဘူး။

ယနေ့ည ၁၁ နာရီ ၂၅ မိနစ်မှာ အင်တာမီလန်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ ချန်ပီယံလိဂ်အုပ်စု B ပထမအကျော့ပွဲစဉ်အဖြစ် ဆန်စီရိုကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားကြတော့မှာဖြစ်ပါတယ်။ အုပ်စု B မှာ ဘာစီလိုနာ၊ အင်တာမီလန်၊ ပီအက်စ်ဗွီ၊ တော့တင်ဟမ်ဟော့စပါးတို့ ကျရောက်နေပြီး ယနေ့ညပွဲစဉ်ဟာ အုပ်စုထိပ်ပိုင်း ၂ နေရာအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

elib_4858609.jpg 

အင်တာမီလန်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ စုစုပေါင်း ၄ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး တစ်သင်းကို ၂ ပွဲစီ နိုင်ပွဲရရှိထားတာဖြစ်ပါတယ်။ ၂၀၁၀-၂၀၁၁ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အင်တာမီလန်အသင်းဟာ အိမ်ကွင်းမှာ စပါးအသင်းကို ၄ ဂိုး ၃ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး စပါးအသင်းရဲ့အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ စပါးနဲ့ အင်တာတို့ ထပ်မံတွေ့ဆုံခဲ့ပြီး စပါးအသင်းက အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အင်တာမီလန်အသင်းက အိမ်ကွင်းမှာ စပါးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုုင်ရရှိခဲ့ပေမယ့် အဝေးဂိုးနဲ့ စပါးအသင်းက ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

 

နှစ်ဖက်အသင်းသတင်းများ

 

တံကောက်ကြောဒဏ်ရာရရှိနေတဲ့ ဒဲလ်အလီရဲ့ ဒဏ်ရာက သက်သာလာခြင်းမရှိသေးသလို ပေါင်ခြံဒဏ်ရာရရှိနေတဲ့ အသင်းခေါင်းဆောင် ဟူဂိုလိုရစ်လည်း လွဲချော်ဦးမယ်လို့ သိရပါတယ်။ ကွင်းလယ်ကစားသမား မူဆာဆစ်ဆိုခိုလည်း တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပါတယ်။

 

အင်တာမီလန်အသင်းဟာ နောက်ခံကစားသမား ဒါနီလိုဒီအန်ဘရိုစီနီရဲ့ကြံ့ခိုင်မှုကို သုံးသပ်အကဲဖြတ်သွားမယ်လို့ သိရပြီး ဗာဆယ်ကိုကတော့ ဒူးဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပါတယ်။

 

ပွဲကြိုအချက်အလက်များ

 

- စပါးအသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ အိမ်ကွင်းမှာ အသီးသီး နိုင်ပွဲတွေရရှိထားကြပြီး အဝေးကွင်းမှာ အနိုင်ရရှိထားခြင်းမရှိပါဘူး။

- အင်တာမီလန်နဲ့ စပါးတို့ရဲ့ ၄ ကြိမ်တွေ့ဆုံထားမှုမှာ စုစုပေါင်းသွင်းဂိုး ၁၉ ဂိုးအထိ ရှိခဲ့ပြီး စပါးအသင်းက ၁၀ ဂိုး၊ အင်တာက ၉ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

- စပါးနဲ့အင်တာမီလန်အသင်းတို့ဟာ ၈ နှစ်အကြာမှ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်တွေ့ဆုံကြတာဖြစ်ပြီး နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂၀၁၀-၂၀၁၁ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အင်တာမီလန်အသင်းက အိမ်ကွင်းမှာ ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး စပါးအသင်းအိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

- အင်တာမီလန်အသင်းဟာ ၂၀၀၂-၂၀၀၃ ကနေ ၂၀၁၁-၂၀၁၂ အထိ ဆယ်နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီးနောက် ၇ နှစ်အကြာမှ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က