ဒီပွဲမှာ ရလဒ်ကောင်းရင် မက်ဆီဂျာစီလုရင်း ရန်ဖြစ်ရင်တောင် မမှုဘူးလို့ နည်းပြဗွန်မဲလ်က ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းနဲ့ ပီအက်စ်ဗွီအသင်းတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲက ဒီကနေ့ည ကစားမှာ ဖြစ်ပြီး ပီအက်စ်ဗွီ ကစားသမားတွေရဲ့ ပွဲအပြီး စဉ်းစားထားကြတဲ့ အတွေးကို နည်းပြ ဗန်ဗွန်မဲလ်က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။



Photo - Rediff.com

 

ယခုတစ်ပတ် ကစားမယ့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းနဲ့ ပီအက်စ်ဗွီအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ဘာစီလိုနာအ သင်းက အိမ်ကွင်းကစားမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ဘာစီလိုနာ မအောင်မြင်ခြင်းကို ကော်တင်ဟို ညည်းညူ 

ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းကို လာကစားမယ့် ပီအက်စ်ဗွီအသင်းရဲ့ လက်ရှိ နည်းပြကတော့ ဘာစီလိုနာ ကစားသမားဟောင်း ဗန်ဗွန်မဲလ် ဖြစ်ပြီး သူ့အသင်းရဲ့ ကစားသမားတွေအခြေအနေကို ပွဲကြို ထုတ်ဖော်ပြောလာပါတယ်။

Photo - Omroep Brabant

 

ပီအက်စ်ဗွီကစားသမားတွေအနေနဲ့ အသင်းအနိုင်ရရေးကို စဉ်းစား၊မစဉ်းစားတော့ မသိပဲ ပွဲအပြီး မက်ဆီဂျာစီဘယ်လို ဦးအောင် တောင်းရမလဲ ဆိုတာပဲ ပြောနေကြတယ်လို့ ဗန်ဗွန်မဲလ်ကဆိုပါတယ်။

" မနက်ဖြန်မှာ ကျွန်တော်တို့ ရလဒ်ကောင်းရခဲ့မယ်ဆိုရင် သူတို့ မက်ဆီဂျာစီရဖို့ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြရင်လည်း မမှုပါဘူး။ သူ တို့အားလုံး ပရော်ဖက်ရှင်နယ်တွေပါ၊ဒါပေမယ့် မက်ဆီဂျာစီတော့ သေချာပေါက် တောင်းကြမှာပါ။တစ်ခုရှိတာကတော့ ပထမပိုင်း အပြီးမှာတော့ မတောင်းသင့်သေးပါဘူး။" လို့ ရယ်နှော ပြောဆိုခဲ့ပါတယ်။

Photo - FMT

 

ပီအက်စ်ဗွီအသင်းအနေနဲ့ ဘာစီလိုနာအသင်းနဲ့ပွဲမှာ ရလဒ်ကောင်းရခဲ့မယ်ဆိုရင် နည်းပြဖြစ်တဲ့ ဗွန်မဲလ်အနေနဲ့ မက်ဆီဂျာစီလုရင်း ရန်ဖြစ်ရင် တောင် ခွင့်လွှတ်မယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလို နူးကမ့်ကို ဗွန်မဲလ်တစ်ယောက် ပြန်လာဖြစ်တယ်ဆိုပေမယ့်လည်း သူ့ ကစားဖော်ဟောင်းတွေထဲမှာတော့ မက်ဆီတစ်ယောက်ပဲ ရှိတော့ တာ ဖြစ်ပြီး ကျန်ကစားသမားတွေကတော့ မရှိတော့ပါဘူး။

ဗွန်မဲလ်က ဘာစီလိုနာမှာ ၂၀၀၅-၀၆ ဘောလုံးရာသီတစ်ရာသီကစားခဲ့တဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ထိုစဉ်က သူ့ရဲ့ ကစားဖော်တွေထဲ မှာ အခုချိန်ပြန်တွေ့ရင် မက်ဆီသာ ရှိတော့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က