(၄)ပွဲပယ် ပြစ်ဒဏ်ကျခံရတာပါ။

ဂျူဗင်တပ်စ်အသင်းရဲ့ တောင်ပံကစားသမား ဒေါက်ဂလပ်စ်ကော်စတာကတော့ ဆာဆူအိုလိုနဲ့ပွဲမှာ ပြိုင်ဘက်ကစားသမား ဒီဖရန်ဆက်စကိုကို တံထွေးနဲ့ ထွေးခဲ့တဲ့အတွက် ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ကော်စတာအနေနဲ့ အဆိုပါပွဲမှာ တံထွေးနဲ့ ထွေးဲ့ပြီးနောက် အနီကတ် ပြသခံခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။

 

ဂျူဗင်တပ်စ်က ဆာဆူအိုလိုကို (၂-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကော်စတာက ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပွားအပြီးမှာ ကော်စတာက သူ့ရဲ့ လုပ်ရပ်အတွက် တောင်းပန်စကားပြောဆိုခဲ့ပေမယ့် ပရိသတ်အများအပြားက သူ့ရဲ့ အပြုအမူအပေါ် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ ဂျူဗီနည်းပြ အယ်လီဂရီကလည်း ကော်စတာရဲ့ လုပ်ရပ်အတွက် အပြစ်ပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

 

ကော်စတာဟာ ဒီအပြုအမူအတွက် စီးရီးအေပွဲစဉ် (၄)ပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ကော်စတာရဲ့ အပြုအမူအတွက် ရုပ်သံကနေ ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ကွင်းလယ်ဒိုင်က သူ့ရဲ့ အစီရင်ခံစာထဲမှာလည်း ဖော်ပြခဲ့တယ်လို့ သိရပြီး စီးရီးအေအဖွဲကချုပ်က ချက်ချင်းဆိုသလိုပဲ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

 

ဒီပြစ်ဒဏ်ကြောင့် ကော်စတာဟာ ဖရိုဆီနိုနီ၊ ဘိုလော့ဂ်နာ၊ နာပိုလီ နဲ့ အူဒီးနီးစ်အသင်း ပွဲစဉ်များကို ကစားခွင့် လွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒါဟာ အောက်တိုဘာလကုန်ခါနီးအထိ ကော်စတာအနေနဲ့ စီးရီးအေပွဲစဉ်တွေကို ကစားခွင့် ရရှိတော့မှာမဟုတ်ဘူးလို့ အကျိုးသက်ရောက်ခဲ့ပြီး စိတ်မထိန်းနိုင်ခဲ့တဲ့ အနေအထားအတွက် ပြန်လည်ပေးဆပ်ခဲ့ရပြီ ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ ကော်စတာကို ဂျူဗင်တပ်စ်အသင်းက တစ်စုံတစ်ရာ အရေးယူမှုတွေ မရှိသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း နည်းပြ အယ်လီဂရီရဲ့ ပြောစကားအရ ကော်စတာဟာ အသင်းက ချမှတ်တဲ့ ပြစ်ဒဏ်ကိုလည်း ထပ်မံခံယူရဦးမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က