အဖိုးတန်အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။

လီဗာပူးလ်တိုက်စစ်မှူး ဖာမီနိုဟာ မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပြိုင်ပွဲမှာ အရန်ခုံကနေ လူစားလဲ ဝင်ရောက်ခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးကို နာကျင်အချိန်ပိုမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ (၂)ဂိုးပြတ် ဦးဆောင်နေရာမှ ချေပဂိုး (၂)ဂိုး ပြန်လည်ခွင့်ပြုခဲ့ရတဲ့ လီဗာပူးလ်တို့ ဖာမီနိုရဲ့ သွင်းဂိုးကြောင့် အိမ်ကွင်းမှာ နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။

Photo : The UK Bulletin

 

ဖာမီနိုဟာ ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲစဉ်မှာ စပါးနောက်ခံလူ ဗာတွန်ဂန်နဲ့ ထိခိုက်မိခဲ့ပြီး မျက်လုံးဒဏ်ရာ ရရှိခဲ့ပါတယ်။ အဆိုပါဒဏ်ရာကြောင့် ပီအက်စ်ဂျီနဲ့ပွဲမှာ လီဗာပူးလ်နည်းပြ ကလော့ပ်က ဖာမီနိုကို အနားပေးထားပြီး စတားရစ်ချ်ကို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုသွားခဲ့ပါတယ်။

Photo : RTE

 

ကလော့ပ်ရဲ့ ကစားသမားအသုံးပြုမှုဟာ မှန်ကန်ခဲ့ပြီး စတားရစ်ချ်က လီဗာပူးလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နောက်ထပ်တစ်ဂိုးကို ဂျိမ်းမီလ်နာက ပယ်နယ်တီကတဆင့် ထပ်မံသွင်းယူပေးအပြီးမှာ လီဗာပူးလ်အနေနဲ့ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ အသာစီးကနေ ကစားနိုင်ခဲ့ပြီး နိုင်ပွဲရဖို့ တာစူခဲ့ပါတယ်။

Photo : ESPN

 

ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းရဲ့ ချေပဂိုးသွင်းယူဖို့ ကြိုးစားမှုတွေကြောင့် အနိုင်ဂိုးတွေ ရရှိထားတဲ့ လီဗာပူးလ်တို့ သွင်းဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရပြီး မူနီယာနဲ့ ဘာပေတို့က သွင်းယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဖာမီနို ဝင်ရောက်လာခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးကို ဧရိယာအတွင်းကနေ လှလှပပ ကန်သွင်းယူခဲ့ပါတယ်။

Photo : The 18

 

အနိုင်ဂိုးသွင်းယူအပြီးမှာတော့ ဖာမီနိုဟာ သူ့ရဲ့ မျက်စိတစ်ဖက်ကို လက်နဲ့ အုပ်ခဲ့ပြီး မျက်လုံးတစ်လုံးတည်းနဲ့လည်း ဂိုးသွင်းယူနိုင်တယ်ဆိုတဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ယခင်ကလည်း ဖာမီနိုရဲ့ သွင်းဂိုးတစ်ဂိုးမှာ ဂိုးပေါက်ကိုမကြည့်ပဲ ကန်သွင်းယူခဲ့တဲ့ ပုံရိပ်တချို့ ရှိခဲ့ဖူးပြီး ဂိုးပေါက်ကို မကြည့်ပဲလည်း ဂိုးသွင်းယူနိုင်တယ်လို့ ပရိသတ်အချို့က ဟာသနှောပြောဆိုခဲ့ဖူးပါတယ်။

Photo : The Times

 

အခုအခါမှာလည်း ဖာမီနိုက မျက်လုံးတစ်လုံးတည်းနဲ့လည်း ဂိုးသွင်းယူနိုင်တယ်ဆိုတဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့မှုဟာ ပရိသတ်တွေရဲ့ သဘောကျခြင်းကို ရရှိနေပြီး ဆိုရှယ်မီဒီယာများပေါ်မှာ ရေပန်းစားနေတဲ့ ပုံရိပ်တစ်ခုဖြစ်နေပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က