ပိုကောင်းတဲ့ ကစားသမား ဖြစ်နေခဲ့ပြီလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းကနေ လိုင်ယွန်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ နယ်သာလန်ကစားသမား မမ်ဖစ်ဒီပိုင်းက အိုးထရက်ဖို့ဒ်က ထွက်ခွာပြီးနောက် ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်လာပြီလို့ ကြွေးကြော်လိုက်ပါတယ်။ ဒီပိုင်းဟာ လူးဝစ္စဗန်ဂါးလ်လက်ထက်မှာ မန်ယူအသင်းကို ရောက်ရှိလာခဲ့ပြီး ဂန္ထဝင်ကျောနံပါတ် (၇)ကို ဝတ်ဆင်ခဲ့ရသူ ဖြစ်ပါတယ်။

Photo : ESPN

 

အသက် (၂၄)နှစ်အရွယ် ကစားသမားဟာ ကနဦးမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ပုံမှန်ခြေစွမ်း မရရှိတော့တဲ့အထိ ဆိုးရွားစွာ ခြေစွမ်းပျက်စီးခဲ့ပါတယ်။ နည်းပြသစ်အဖြစ် မော်ရင်ဟို ရောက်ရှိလာပြီးနောက်မှာတော့ ဒီပိုင်းကို ပြန်လည်ဝယ်ယူခွင့် သဘောတူညီချက်နဲ့ လိုုင်ယွန်အသင်းထံ ရောင်းချခဲ့ပါတယ်။

ရော်နယ်ဒိုမရှိမှ ရီးရဲလ်က ပိုကောင်းလာတယ်လို့ ပြောခဲ့တဲ့ အဲဗက်စ် 

Photo : Manchester Evening News

 

ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် လိုင်ယွန်အသင်းမှာ ဒီပိုင်းလည်း ပါဝင်လာခဲ့ပြီး မန်ချက်စတာမြေကို တကျော့ပြန်ခြေချလာခဲ့ပြီ ဖြစ်ပါတယ်။ "မန်ချက်စတာက ထွက်ခွာခဲ့ပြီးနောက် ကျွန်တော် ပြန်လာခဲ့ပါပြီ၊ အရမ်းကောင်းမွန်တဲ့ ခံစားချက် ဖြစ်ပေါ်နေပြီးတော့ မန်စီးတီးနဲ့ ကစားရဖို့ ပြန်လာရတဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်" လို့ ဒီပိုင်းက ပြောကြားခဲ့ပါတယ်။

Photo : JOE.co.uk

 

"ကျွန်တော့်ခြေစွမ်းပိုင်း တိုးတက်မှုတွေ ရှိလာခဲ့ပါပြီ၊ ပိုမိုရင့်ကျက်မှုတွေလည်း ရှိလာပြီးတော့ ကွင်းတွင်းကွင်းပြင်မှာ ကျွန်တော့်အတွက် အတွေ့အကြုံတွေ အများကြီး ရရှိခဲ့ပါတယ်၊ ဒီနေ့ ဒီနေရာကို ပြန်လည်ရောက်ရှိလာခဲ့ချိန်မှာ မတူညီတဲ့ လူတစ်ယောက်အနေနဲ့ ပြန်လာရသလိုပါပဲ၊ လူတိုင်းက ကျွန်တော်နဲ့ မန်ယူအသင်း ဇာတ်လမ်းကို သိပြီးသားပါ"

Photo : Tubantia

 

"ဒီအကြောင်းတွေကို ကျွန်တော်ပြန်မပြောချင်တော့ပါဘူး၊ ဒါပေမယ့် ကျွန်တော် ပိုပြီးကောင်းမွန်တဲ့ ကစားသမား ဖြစ်လာခဲ့ပါပြီ၊ မန်စီးတီးနဲ့ပွဲအတွက် ကျွန်တော် စိတ်လှုပ်ရှားနေပြီး ဒါကို လူတိုင်းလည်း မြင်တွေ့နေမှာပါ၊ မန်ချက်စတာဟာ အနီရောင်လွှမ်းမိုးနေဆဲပါ၊ အပြာရောင်တွေနဲ့ အတွေ့မှာ ရလာဒ်ကောင်းရဖို့ ကြိုးစားသွားမယ်" လို့ ဒီပိုင်းက ပြောသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က