ဒီနေ့ည (၁း၃၀)နာရီမှာ ကစားသွားရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ် (၁)ရဲ့ ဒုတိယနေ့ ပွဲစဉ်များကို ဒီနေ့မှာ ဆက်လက်ကစားသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဆွစ်ဇာလန် ကလပ် ယန်းဘွိုင်း နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်လည်း ပါဝင်နေခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်အတွက် သိရှိထားသင့်တဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

နှစ်ဖက်အသင်းသတင်းများ

Photo : 101 Great Goals

 

- မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်ပွဲလူစာရင်းမှာ တိုက်စစ်မှူး ရက်ဖို့ဒ်လည်း ပါဝင်လာခဲ့ပါတယ်။ ရက်ဖို့ဒ်ကတော့ ဘန်လေနဲ့ပွဲမှာ အနီကတ်ပြ ထုတ်ပယ်ခံထားရတာကြောင့် ပြည်တွင်းပွဲတွေသာ ပွဲပယ်ခံထားရတာပါ။

- နောက်ခံလူ ဒါလော့လည်း အသင်းနဲ့အတူ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။

Photo : 101 Great Goals

- ဂျက်ဆီလင်ဂတ်၊ ဖီးလ်ဂျုံး နဲ့ ရိုဟို၊ ဗလန်စီယာတို့ကတော့ ကျန်ရစ်ခဲ့ပြီ ဖြစ်ပါတယ်။

- ယန်းဘွိုင်းအသင်းမှာလည်း ကွင်းလယ်လူ လော့တွန်ဘာ ဒူးဒဏ်ရာရရှိနေပြီး ဆန်ဒရိုလော့ပါးလည်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိနေပါတယ်။

- ဆာဘီးယားတောင်ပံကစားသမားဟောင်း ဆူးဂျ်မန်နီကတော့ ယန်းဘွိုင်းအတွက် ပါဝင်ကစားပေးဖွယ် ရှိနေပါတယ်။

 

အချက်အလက်များ

Photo : 101 Great Goals

 

- သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။

- ယန်းဘွိုင်းဟာ ၁၉၈၆-၈၇ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာပါ။

- မန်ယူအတွက်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို (၂၂)ကြိမ် ဝင်ရောက်ကစားရတာဖြစ်ပြီး ရီးရဲလ်၊ ဘာကာ နဲ့ပေါ်တိုတို့ရဲ့နောက်မှာ ရပ်တည်နေပါတယ်။

- ယန်းဘွီုင်းကတော့ ၂၀၁၅ တုန်းက ယူရိုပါလိဂ်ပွဲမှာ အဲဗာတန်နဲ့ ကစားဖူးခဲ့ပြီး အိမ်ကွင်းမှာ (၁-၄) နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photo : 101 Great Goals

 

- ယန်းဘွိုင်းဟာ အင်္ဂလန်ကလပ်တွေနဲ့ (၆)ကြိမ် တွေ့ဆုံဖူးပြီး တစ်ပွဲသရေကျကာ လေးပွဲရှုံးပြီး ၂၀၁၀-၁၁ ချန်ပီယံလိဂ်ခြေစစ်ပွဲ ပကျော့မှာ စပါးကို အနိုင်ရဖူးပါတယ်။

- မန်ယူကတော့ ဆွစ်ဇာလန်ကလပ် ဘေဆယ်နဲ့ တွေ့ဆုံဖူးပြီးနောက် ယန်းဘွိုင်းက ဒုတိယမြောက်ကလပ်ဖြစ်လာပါတယ်။ ဘေဆယ်နဲ့ (၆)ကြိမ်တွေ့ဆုံခဲ့ရာမှာ မန်ယူဟာ (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံးထားပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ချာလီရဲ့ ခန့်မှန်းချက်

လူကာကူက လူတိုင်းကြိုက်တဲ့ ကစားသမားမဟုတ်သလို ကျွန်တော်လည်း မနှစ်သက်ပါဘူး၊ ဒါပေမယ့် သူ ဂိုးရသွားနိုင်ပါတယ်၊ သူ့ကိုသာ အကောင်းဆုံးထောက်ပံ့ပေးနိုင်ရင် သူ ဂိုးသွင်းနိုင်မှာပါ၊ မန်ယူသာ ကောင်းမွန်တဲ့ ပုံစံပြသနိုင်ဖို့လိုပါတယ်၊ သူတို့ရဲ့ ပုံစံကိုသာ ရခဲ့မယ်ဆိုရင် ဒီပွဲက မော်ရင်ဟိုအတွက်တော့ (၂)မှတ် သေချာတဲ့ပွဲပါ။ ၁-၂ လောက် ဖြစ်မယ်လို့ ထင်ပါတယ်။

Share

Loading Next Article...
က္က