အဝါကတ်အများဆုံး ပြသခံရသူ ဖြစ်လာတာပါ။

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ ရိုးမားအသင်းကို (၃-ဝ)နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ဆိုးဝါးတဲ့ မှတ်တမ်းတစ်ခု ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ အစ္စကို၊ ဘေးလ်၊ မာရီယာနိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ရိုးမားကို ရီးရဲလ်မက်ဒရစ်က အနိုင်ရရှိခဲ့ပြီး အုပ်စုအဖွင့်ပွဲမှာ ရလာဒ်ကောင်း တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်

 

အဆိုပါပွဲရဲ့ ပွဲချိန် (၂၃)မိနစ်မှာ ရာမို့စ်ဟာ ရိုးမားကွင်းလယ်လူ အန်ဇွန်ဇီကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ အဝါကတ်ပြား ပြသခံခဲ့ရပါတယ်။ ဒါဟာ ရာမို့စ်အတွက် ချန်ပီယံလိဂ်မှာ (၃၇)ကြိမ်မြောက် ပြသခံခဲ့ရတဲ့ အဝါကတ်ပြားဖြစ်လာခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ပေါလ်စခိုးရဲ့ (၃၆)ကြိမ်ကို ကျော်ဖြတ်ပြီး စံချိန်တင်သွားခဲ့တာ ဖြစ်ပါတယ်။

 

ရာမို့စ်ကတော့ သူ့ရဲ့ ကစားပုံကြောင့် မကြာခဏဆို ဝေဖန်ခံခဲ့ရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ရာမို့စ်ဟာ အယ်လ်ဘာတိုလိုပိုရဲ့ စပိန်လာလီဂါမှာ အဝါကတ် (၁၆၂)ကြိမ် ပြသခံထားရတဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့ပြီး အဝါကတ်အများဆုံး ပြသခံရသူ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် စပိန်လက်ရွေးစင်အသင်းမှာလည်း ရာမို့စ်ဟာ အဝါကတ်ပြား အများဆုံး ပြသခံထားရသူအဖြစ် စံချိန်တင်ထားပြီးလည်း ဖြစ်ပါတယ်။

ဗဟိုခံစစ်မှာ ကြမ်းတမ်းစွာ၊ စိတ်ဓာတ်ပြင်းပြစွာနဲ့ ကစားတတ်တဲ့ ရာမို့စ်ဟာ မကြာခဏဆိုသလို ပြစ်ဒဏ်ကျူးလွန်ခြင်းတွေ ပြုလုပ်တတ်သူဖြစ်ပြီး ကွင်းလယ်ဒိုင်များရဲ့ သတိပေးအရေးယူမှုနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ သူ့ရဲ့ ကစားပုံကြောင့်လည်း ပြိုင်ဘက်အသင်း ကစားသမား တွေနဲ့ အချင်းပွားမှုတွေလည်း ဖြစ်ပေါ်တတ်သူ ဖြစ်ပါတယ်။

 

ရီးရဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ်မှာ ဂိုးပြတ်နိုင်ပွဲရယူခဲ့ပြီး တာထွက်ကောင်းမွန်ခဲ့ပေမယ့် အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်အတွက်ကတော့ စိတ်ပျက်စရာ မှတ်တမ်းဆိုးတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

Share

Loading Next Article...
က္က