လိမ်လည်ထွက်ဆိုခဲ့လို့ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ လိုဗရန် နဲ့ ရီးရဲလ်ကွင်းလယ်လူ မိုဒရစ်တို့ဟာ တရားရုံးမှာ လိမ်လည်ထွက်ဆိုမှုအတွက် ထောင်ဒဏ် ချမှတ်ခံနေရဖွယ် ရှိတယ်လို့ သိရပါတယ်။ လိုဗရန် နဲ့ မိုဒရစ်တို့ဟာ အပြောင်းအရွှေ့ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး စစ်ဆေးမှုမှာ လိမ်လည် ထွက်ဆိုခဲ့တာဖြစ်ပြီး ခရိုအေးရှားတရားရုံးရဲ့ စစ်ဆေးမှုကို ခံယူရမှာလည်း ဖြစ်ပါတယ်။

Photo : Daily Star

 

ဒိုင်နမိုဇာဂရက်အသင်းရဲ့ ဒါရိုက်တာဟောင်းတစ်ဦးဖြစ်တဲ့ ဒရာကိုမမ်မစ်ဟာ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လာဘ်စားမှုတွေ ရှိခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်ခွဲ ကျခံရဖို့ နွေရာသီမှာ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ ဒိုင်နမိုဇာဂရက် အသင်းကို စီမံခဲ့စဉ်က မမ်မစ်ဟာ လာဘ်စားခဲ့တယ်လို့ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

Photo : Daily Star

 

ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ ဒိုင်နမိုဇာဂရက်ကစားသမားဟောင်းတွေဖြစ်တဲ့ လိုဗရန် နဲ့ မိုဒရစ်တို့ကိုလည်း ခေါ်ယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ မမ်မစ်ကတော့ အပြစ်ရှိကြောင်း ထင်ရှားခဲ့တဲ့အတွက် ထောင်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒိုင်နမိုဇာဂရက်ကနေ စပါးကို ပြောင်းရွှေ့ခဲ့တဲ့ မိုဒရစ်ရဲ့ အပြောင်းအရွှေ့ဟာလည်း သင်္ကာမကင်းဖြစ်ခံခဲ့ရလို့ စစ်ဆေးခံရတာဖြစ်ပါတယ်။

Photo : Daily Star

လိုဗရန်ကတော့ ဒိုင်နမိုဇာဂရက်ကနေ လိုင်ယွန်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့တွေမှာ အဆိုပါကစားသမား (၂)ဦးဟာ လိမ်လည်ထွက်ဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပြီး အပြစ်ရှိပါက ထောင်ဒဏ် ငါးနှစ်ခွဲအထိ ချမှတ်ခံရမယ့် အလားအလာ ရှိနေပြီ ဖြစ်ပါတယ်။

Photo : Daily Star

 

လိုဗရန်ကတော့ သူ့အနေနဲ့ အပြစ်မရှိဘူးလို့ ပြောဆိုခဲ့ပြီး အခုလိုမျိုး သတင်းတွေထွက်ပေါ်ခဲ့ကာ စွပ်စွဲခံရမှုက တရားမျှတမှုမရှိဘူးလို့ ဖြေရှင်းခဲ့ပါတယ်။ လိုဗရန်က သူ့ရဲ့ မိသားစု၊ သူငယ်ချင်း၊ ပရိသတ်တွေနဲ့ အင်္ဂလန်က လီဗာပူးလ်ဖန်တွေကို သူ အပြစ်မရှိကြောင်း ပြသသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ လိုဗရန်နဲ့ မိုဒရစ်တို့ဟာ တရားရုံးက ဆင့်ခေါ်မယ့် အချိန်ကို စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က