သက်ဆိုင်ရာအသင်းတွေအတွက် ခြေစွမ်းပြခဲ့သူတွေပါ။

ချန်ပီယံလိဂ် အုပ်စုအဆင့်ရဲ့ ပွဲစဉ် (၁)အပြီးမှာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေ ရှိခဲ့ပါတယ်။ အဲဒီထဲကမှ ပိုပြီးခြေစွမ်းပြခဲ့တဲ့ ကစားသမား (၄)ဦး ရှိခဲ့ပါတယ်။ ဘယ်သူတွေများဖြစ်မလဲဆိုတာကို ကြည့်လိုက်ပါဦး။

 

၁။ မက်ဆီ

Photo : Sportskeeda

 

PSV နဲ့ပွဲမှာ မက်ဆီက ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလား ရယူဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ မက်ဆီက အဖွင့်ပွဲမှာပဲ အကောင်းဆုံးခြေစွမ်းပြသွားပြီး ဘာစီလိုနာဟာ ချန်ပီယံလိဂ်အတွက် အသင့်ဖြစ်နေပြီလို့ ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။  မက်ဆီရဲ့ ဖရီးကစ်သွင်းဂိုး၊ ဧရိယာထဲက အပိုင်ပိတ်သွင်းယူခဲ့တဲ့ သွင်းဂိုးတွေဟာ မက်ဆီ ဘယ်လိုကစားသမားလဲဆိုတာကို သက်သေပြသွားခဲ့ပါတယ်။ မက်ဆီအတွက်လည်း ပြီးပြည့်စုံတဲ့ ဟက်ထရစ်သွင်းဂီုးတွေကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ၂၅ကိုက် အကွာက ကန်သွင်းခဲ့တတဲ့ ဖရီးကစ်ကိုတော့ အားလုံးက ချီးကျူးခဲ့ကြပါတယ်။

 

၂။ ဂျိမ်းစ်မီနာ

Photo : Sportskeeda

 

လီဗာပူးလ်အတွက် ဂျိမ်းစ်မီနာက အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ပီအက်စ်ဂျီနဲ့ပွဲကို အနိုင်ယူနိုင်ခဲ့ပါတယ်။ မီနာဟာ အသင်းကွင်းလယ်မှာ တိုက်စစ်၊ခံစစ် မျှတအောင် ကစားနိုင်ခဲ့ပြီး အသက်အရွယ်နဲ့ မလိုက်ဖက်အောင် ခြေစွမ်းပြခဲ့တာပါ။ အသင်းအတွက် ပယ်နယ်တီကတဆင့် သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပြီး တစ်ပွဲလုံးမှာလည်း မခိုမကပ် ကစားသွားခဲ့ပါတယ်။ ယာဂင်ကလော့ပ်အတွက်တော့ မီနာက ပိုပိုပြီး တန်ဖိုးရှိလာတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒီခြေစွမ်းအရဆိုရင် မီနာဟာ လီဗာပူးလ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ကိုတောင်မှ ရရှိနိုင်တဲ့ အလားအလာ ရှိနေပါတယ်။

 

၃။ နဘီဖယ်လ်ကီ

Photo : Sportskeeda

 

အီတီဟတ်မှာ မန်စီးတီးကို အံ့ဖွယ်အနိုင်ယူခဲ့တဲ့ လိုင်ယွန်အတွက် ဖယ်လ်ကီက ခြေစွမ်းပြခဲ့ပါတယ်။ ဖယ်လ်ကီက သူ့ရဲ့ ခြေစွမ်းအစစ် အမှန်ကို သက်သေပြနိုင်ခဲ့ပြီး မန်စီးတီးကို အိမ်ကွင်းမှာ အမှတ်ဗလာနဲ့ ကျန်ရစ်အောင် စွမ်းဆောင်သွားခဲ့ပါတယ်။ လီဗာပူးလ်က ခေါ်ယူဖို့ အလေးအနက်စိတ်ဝင်စားခဲ့တဲ့ ဖယ်လ်ကီကတော့ အသင်းကြီးတွေမှာ ကစားနိုင်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်ထားပြီး မန်စီးတီးနဲ့ပွဲမှာ အသင်းတိုက်စစ်ကို သူက အကောင်းဆုံးဦးဆောင်သွားခဲ့ပါတယ်။

 

၄။ ပေါ့ဂ်ဘာ

Photo : Sportskeeda

 

ကိုယ်တိုင် (၂)ဂိုးသွင်းပြီး (၁)ဂိုးဖန်တီးပေးပြီးတဲ့နောက် ပေါ့ဂ်ဘာကို မော်ရင်ဟိုက ချီးကျူးသွားပါတယ်။ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ပေါ့ဂ်ဘာဟာ ယန်းဘွိုင်းအသင်းကို ဒုက္ခပေးသွားခဲ့ပြီး ရင်သပ်ရှုမောဖွယ် ဘယ်ခြေကန်ချက်နဲ့ တစ်ဂိုး၊ ပယ်နယ်တီတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ မန်ယူကွင်းလယ်မှာလည်း ပေါ့ဂ်ဘာက ဦးဆောင်ကစားနိုင်ခဲ့ပြီး အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေဟာ ပေါ့ဂ်ဘာရဲ့ ပေးပို့မှုတွေကနေပဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူပရိသတ်တွေကတော့ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းကို အခုလိုမျိုး မကြာခဏမြင်တွေ့ရရ ဖို့ မျှော်လင့်လာခဲ့ပါတယ်။

Share

Loading Next Article...
က္က