တိုက်ရိုက်အနီကဒ်ကြောင့် မန်ယူနဲ့ပွဲကို လွဲချော်ဖို့ များနေပါတယ်။

ကစားသမားဘ၀ ၁၆ နှစ်ကျော် ကာလမှာ ရော်နယ်ဒိုအနေနဲ့အနီကဒ် စုစုပေါင်း ၁၁ ကြိမ်သာရရှိထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး တိုက် ရိုက်အနီကဒ်က ၇ ကြိမ်သာ ပါဝင်ပါတယ်။



Photo - FourFourTwo

 

ရော်နယ်ဒိုလို့ဆိုလိုက်ရင် တိုက်စစ်အားသန်ကစားသမား၊ဘယ်ခြေ၊ညာခြေ ကန်သွင်းချက်တွေအပါအဝင် ခေါင်းတိုက်ချက်တွေကြောင့်လည်း ဂိုး တွေသူများထက်ပိုပြီးသွင်းယူနိုင်လေ့ရှိသူလို့ အများက မြင်မိကြမှာပါ။

ရော်နယ်ဒို အနီကတ်ပြသခံရဖို့ တကယ်ထိုက်တန်ခဲ့ရဲ့လား 

မန်ယူအသင်းနဲ့ ကမ္ဘာ့ဘောလုံးပရိသတ်တွေသိရှိခဲ့တဲ့ ရော်နယ်ဒိုက အခုချိန်မှာတော့ အသက် ၃၃ နှစ်အရွယ်ကိုရောက်ရှိနေပြီ ဖြစ်ပြီး ကစားသ မားဘဝနဲ့တွက်ရင်တော့ နောက်ဆုံးအချိန်အပိုင်းအခြားကို ဖြတ်သန်းနေပါပြီ။

Photo - YouTube

 

အခုလက်ရှိတော့ ဂျူဗင်တပ်အသင်းနဲ့အတူ ကစားနေပြီး မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပထမပွဲမှာ ပွဲအစ ၂၈ မိနစ်မှာပဲ တိုက်ရိုက် အနီ ကဒ်ပြသခံခဲ့ရလို့ ပွဲပယ်ထိခဲ့ပါတယ်။

တိုက်စစ်မှူးတစ်ယောက်အတွက် အနီကဒ်တို့ အဝါကဒ်တို့ဆိုတာ တော်ရုံရလေ့မရှိသလို၊ရဖို့အကြောင်းလည်း မများပါဘူး။ဒါပေမယ့်လည်း တစ် ခါတလေတော့လည်း တိုက်စစ်မှူးလည်း ဂိုးရလိုစိတ်များပြီး ပြစ်ဒဏ်ကျူးလွန်မိတဲ့အခိုက်အတန့်တွေရှိပါတယ်။

Photo - ARYSports.tv

 

ဒီအခြေအနေကို ရော်နယ်ဒိုတစ်ယောက်ရံဖန်ရံခါ ကြုံခဲ့ဖူးပြီး ကစားသမားဘဝမှာ အနီကဒ် ၁၁ ကြိမ်ထိ ပြသခံံခဲ့ရဖူးပြီလည်း ဖြစ်ပါတယ်။

ဗလင်စီယာနဲ့ပွဲက အနီကဒ်ကြောင့်လည်း ရော်နယ်ဒိုတစ်ယောက် အိုးထရက်ဖို့ကို ခဏပြန်မယ့် ခရီးစဉ်ကနေ သွေဖယ်ရမယ့်အရေးနဲ့ ကြုံနေရ ပြီး အယူခံဝင်သွားဖို့တော့ လုပ်နေပါတယ်။

ရော်နယ်ဒိုက ဂျူဗင်တပ်အသင်းမှာ မကစားခင်၊မန်ယူနဲ့ရီးရဲမှာ ကစားခဲ့တာလည်း အားလုံးအသိပါ။မန်ယူမတိုင်ခင် စပို့တင်းမှာ ကစားခဲ့ပေမယ့် အနီကဒ်တော့မထိဖူးပါဘူး။

မန်ယူမှာ ကစားခဲ့တဲ့ ၂၀၀၃ ကနေ ၂၀၀၉ အထိ အနီကဒ် ၄ ကြိမ်သာ ပြသခံခဲ့ရတာ ဖြစ်သလို ရီးရဲမှာ ကစားခဲ့တဲ့ ၂၀၀၉ ကနေ ၂၀၁၈ အထိ ၉ နှစ်အတွင်းမှာလည်း အနီကဒ် ၆ ကြိမ်သာ ပြသခံခဲ့ရတာ ဖြစ်ပါတယ်။

အခုလိုမျိုး တိုက်ရိုက်အနီကဒ် ပြသခံခဲ့ရတာကတော့ ကစားသမားဘဝမှာ ၇ ကြိမ်မြောက် တိုက်ရိုက် ပြသခံခဲ့ရတာ ဖြစ်ပြီး နိုင်ငံကစားသမားဘ ဝမှာတော့ အနီကဒ်ပြသခံခဲ့ရခြင်းမရှိပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က