အာဆင်နယ်နည်းပြက ယူရိုပါလိဂ်မှာ ၃ နှစ်ဆက်ချန်ပီယံဖြစ်ထားတဲ့ တစ်ဦးတည်းသော နည်းပြ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်းက ယူရိုပါလိဂ်မှာ ၃ နှစ်ဆက်ချန်ပီယံဖြစ်ထားတဲ့ တစ်ဦးတည်ေးသာ နည်းပြဖြစ်ပေမယ့်လည်း အာဆင်နယ်အသင်းနဲ့ ပြိုင်ဖက်အသင်းတို့ ခြေအဆင့်အတန်းကွာဟမှုကြောင့် လူငယ်တွေကိုသာ ပွဲထုတ်လာဖွယ်ရှိနေပါတယ်။



Photo - Goal.com

 

အာဆင်နယ်အသင်းက ယူရိုပါလိဂ်ပြိုင်ပွဲကို ၂ နှစ်ဆက် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပြီး အခုရင်ဆိုင်ရမယ့် ဗော့စခ်လာ အသင်းကလည်း ၂ ကြိမ် မြောက်ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။

ဂရိမြေပေါ်မှာ ခင်္သြေ့ပြာတို့ ဟိန်းဟောက်သွားနိုင်တယ် 

ဒါပေမယ့် အာဆင်နယ်အသင်းက ပုံမှန်ချန်ပီယံလိဂ် ကစားနေတဲ့အသင်းဖြစ်ပြီး ယူရိုပါလိဂ် ပြိုင်ပွဲကို ဆင်းကစားရတာ ၂ နှစ်ပဲရှိသေးတာ ဖြစ် ပေမယ့် ဗော့စခ်လာအသင်းကတော့ ယူရိုပါလိဂ် ပြိုင်ပွဲကိုတောင် ဝင်ခွင့်ရဖို့ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အောင်မြင်အောင် ကြိုး စားထားရတာ ဖြစ်ပါတယ်။

Photo - India.com

 

မတူညီတဲ့အသင်းနှစ်သင်းရဲ့ တူညီတဲ့အနေအထားတစ်ခုမှာ မတူညီတာတွေကလည်း အများကြီးရှိနေဦးမှာ ဖြစ်ပြီး လန်ဒန်ကလပ် အာဆင်နယ် အသင်းကတော့ ထုံးစံအတိုင်းလူငယ်တွေကိုပဲ အသုံးပြုသွားဦးမှာပါ။

လက်ရှိမှာလည်း နည်းပြ အူနိုင်းက ဂိုးသမားနေရာမှာ ဝါရင့် ဂိုးသမား ပီတာချက်ကို အနားပေးထားပြီးဒီရာသီ အသစ်ခေါ်ထားတဲ့ လေဗာကူဆင် က ဂိုးသမား လီနိုကို ပွဲထုတ်မယ်လို့ ပြောထားသလို အခြားသော ဝါရင့်နောက်ခံလူ လက်ချ်စတိန်နာကိုကလည်း အသင်းခေါင်းဆောင် အဖြစ် ပွဲထုတ်ဖို့ ရှိနေပါတယ်။

Photo - soccerladuma.co.za

မနှစ်ကတုန်းက နည်းပြ အာစင်ဝင်းဂါးရှိစဉ်ကတော့ အာဆင်နယ်အသင်းအနေနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မတိုင်ခင်အထိ လူငယ်တွေကို အများ စုပွဲထုတ်ခဲ့တာ တွေ့မြင်ရပေမယ့် ဒီတစ်ကြိမ် နည်းပြသစ် အူနိုင်းကရော အာစင်ဝင်းဂါးနည်းတူ လူငယ်တွေကို ပွဲထုတ်ဦးမှာလားဆိုတာ စဉ်းစား စရာတော့ရှိပါတယ်။

လက်ရှိ အသင်းနှစ်သင်းရဲ့ ခြေစွမ်းအရ အာဆင်နယ်အသင်းအနေနဲ့ လူငယ်တွေကို ပွဲထုတ်သုံးသည့်တိုင် ခြေစွမ်းသာလွန်နေတာကြောင့်တစ် ကြောင်း၊ပြိုင်ပွဲရဲ့ အုပ်စုတွင်းအစပွဲစဉ်ဖြစ်နေတာကြောင့်တစ်ကြောင်း နည်းပြ အူနိုင်းအနေနဲ့လည်း ဒီပွဲစဉ်ကိုတော့ ရှေ့က အာစင်ဝင်းဂါးနည်း တူ လူငယ်တွေပဲ ထုတ်သုံးဖို့များပါတယ်။

တစ်ခုရှိတာက အူနိုင်းက ၂၀၁၃-၁၄၊၂၀၁၄-၁၅ နဲ့ ၂၀၁၅-၁၆ တို့မှာ ယူရိုပါလိဂ် ၃ ကြိမ်ဆက်ရယူထားတဲ့ နည်းပြ ဖြစ်နေတာကြောင့်လည်း ဒီ ပြိုင်ပွဲက အူနိုင်းရဲ့ ပြိုင်ပွဲလို့ ဆိုရလောက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ယူရိုပါလိဂ်အအောင်မြင်ဆုံးနည်းပြ ကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းကတော့ အုပ်စုတွင်းအနေအထားအရရော နောက်တစ်ဆင့် ကို ပေါ့ပေါ့ပါးပါးတက်ရောက်ဖို့ရှိနေတာကြောင့် အခုပွဲမှ မဆိုပါဘူး၊အုပ်စုပွဲအားလုံးနီးပါးကို မလိုအပ်ရင် လူငယ်တွေကိုအတွေ့အကြုံပေးရင်းပဲ ကစားစေမှာ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာတော့ ယူကရိန်းကလပ် ဗော့စခ်လာအသင်းအတွက်တော့သရေတစ်မှတ်ရယူနိုင်မယ်ဆိုရင် အခြေအနေအကောင်း တစ်ရပ်ကို ပိုင်ဆိုင်မှာ ဖြစ်ပေမယ့်လည်း အာဆင်နယ်အသင်းကသာ လိုအပ်သလို ပွဲကို ထိန်းချုပ်ကစားသွားဖို့ရှိနေပါတယ်။

အာဆင်နယ်အသင်းကတော့ မနှစ်က ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့ပေမယ့်လည်း အက်သလက်တီကို မက်ဒရစ်အသင်းကို နှစ် ကျော့ပေါင်း ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး ထွက်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က