အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တစ်ပွဲက အနည်းဆုံး ၄.၂ ဂိုးနှုန်း သွင်းယူနေတာပဲ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီကတော့ ဒီပွဲနိုင်လို့ ယူရိုပါလိဂ်မှာ ၃၂ ပွဲအနိုင်ရထားပြီ ဖြစ်ပြီး နိုင်ပွဲအများဆုံး နည်းပြအဖြစ် ထိပ်ဆုံးက ရပ်တည်နေခဲ့ပြီ ဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းက အိမ်ကွင်းမှာယူကရိန်းကလပ်အသင်းတစ် သင်းဖြစ်တဲ့ဗော့ခ်လာအသင်းကို သက်တောင့်သက်သာကစားပြီး အနိုင်ယူခဲ့ပါတယ်။

အာဆင်နယ်ရဲ့ထုံးစံအတိုင်း လူငယ်တွေကို ပွဲထုတ်ခဲ့ပြီး ဒီပွဲမှာ တစ်ပွဲမှမကစားရသေးတဲ့ ဂိုးသမားလီနို၊တစ်ပွဲမှ ပွဲထွက်မကစားရသေးတဲ့ နောက်ခံလူ လက်ချ်စတိန်နာတို့ ပွဲထွက်ပါဝင်ခဲ့ပါတယ်။

 

ပွဲစကတည်းက ပွဲကိုထိန်းချုပ်ခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်သာရရှိခဲ့တဲ့ အူဘာမီယန်းက တစ်ဂိုးရအောင်စွမ်းဆောင်ပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ၁-၀ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စတာနဲ့ ၂ မိနစ်အကြာမှာပဲ ဝဲလ်ဘတ်၊အဲ့နောက် အူဘာမီယန်းနဲ့ လူစားဝင်ကစားသမား အိုလ်ဇေးတို့က အသီးသီးသွင်းယူခဲ့ကြပြီး ၄ ဂိုးပြတ်ဦးဆောင်ခဲ့ပါတယ်။

 

အာဆင်နယ်အသင်းအနေနဲ့ ၄ ဂိုးပြတ်ဦးဆောင်ထားလို့ ကစားအားလျော့လိုက်ချိန်မှာ ၂ ဂိုးပြန်ပေးလိုက်ရပေမယ့်လည်း ပွဲအပြီးမှာတော့ ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့လို့ အုပ်စုကို ဦးဆောင်ထားနိုင်ပါပြီ။

ဒီကနေ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့တဲ့ အူဘာမီယန်ကတော့ စံချိန်မှတ်တမ်းကောင်းတစ်ချို့ကိုပိုင်ဆိုင်ခဲ့တာ တွေ့ရပါ တယ်။

 

အူဘာမီယန်အနေနဲ့ ယူရိုပါလိဂ်နဲ့ချန်ပီယံလိဂ်ပြိုင်ပွဲနှစ်ရပ်စလုံးမှာ ကစားထားတဲ့ နောက်ဆုံး ၂၅ ပွဲမှာ သွင်းဂိုး၂၁ ဂိုးအထိပါဝင်ပတ်သက်ထားနိုင် ခဲ့ပြီလည်း ဖြစ်ပါတယ်။

အဲ့ဒီဂိုးတွေထဲမှာမှ ၁၂ ဂိုးကတော့ အာဆင်နယ်အသင်းနဲ့အတူ ကစားခဲ့တဲ့ ၁၀ ပွဲမှာပါဝင်ပတ်သက်ခဲ့တာ ဖြစ်ပြီး ၉ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးပေး ထားတာလည်း ဖြစ်ပါတယ်။

 

အဲ့ဒီလိုပဲ ယူရိုပါလိဂ် ဘုရင်ကြီးလို့ဆိုရမယ့် အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာဆိုရင်လည်း ယူရိုပါလိဂ်မှာ ၃၂ ပွဲမြောက်နိုင်ပွဲကို ရယူနိုင်ခဲ့ပြီ ဖြစ်သလို ဒီနိုင်ပွဲကလည်း အခြားသောနည်းပြတွေထက် နိုင်ပွဲပိုများနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ အခုပွဲအိမ်ကွင်းမှာနိုင်ခဲ့လို့ယူရိုပါလိဂ်နဲ့လိဂ်ဖလားပြိုင်ပွဲတွေမှာ နောက်ဆုံး အိမ်ကွင်း ၁၃ ပွဲမှာ တစ်ပွဲသာရှုံးနိမ့်ထားတော့တာလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အော့စတာဒမ်အသင်းကို အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့တစ်ပွဲသာရှိထားတာ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ဒီနှစ်ဘောလုံးရာသီမှာ ကစားထားတဲ့ ပြိုင်ပွဲစုံ ၆ ပွဲကို ကြည့်လိုက်မယ်ဆိုရင် စုစုပေါင်း သွင်းဂိုးက ပြိုင်ဖက်အသင်းတွေရဲ့ သွင်း ဂိုးတွေအပါအဝင် ၂၅ ဂိုးအထိ ရှိခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ အာဆင်နယ်အသင်းသွင်းတာ ၁၄ ဂိုးဖြစ်ပြီး ပြိုင်ဖက်အသင်းတွေက ၁၁ ဂိုးအထိ သွင်းထားတာ ဖြစ်ပါတယ်။ ဒီနှုန်းကတော့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တစ်ပွဲက အနည်းဆုံး ၄.၂ ဂိုးနှုန်း သွင်းယူနေတာပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ ယူရိုပါလိဂ် ဘုရင်ကြီး အူနိုင်းနဲ့အတူ ယူရိုပါလိဂ် တာထွက်ကလည်း ကောင်းလှတာမို့ ဒီနှစ်မှာရော အမှန်တစ်ကယ်ပဲ ယူရိုပါလိဂ်ဆုဖလားကြီးကို မျှော်မှန်းနိုင်ပြီလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က