အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရသူပါ။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၁ မှာ ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်ကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ အငြင်းပွားဖွယ် တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပြီး မျက်ရည်စက်လက်နဲ့ ကွင်းအတွင်းကနေ ထွက်ခွာခဲ့ရတဲ့မြင်ကွင်းဟာ ပရိသတ်တွေအတွက် ဒေါသအိုးပေါက်ကွဲစရာဖြစ်စေခဲ့ပါတယ်။



cristiano-ronaldo-valencia-juventus-champions-league_19c8xrmixboiu14dq7vaxuf7e8.jpg

Photos: Goal

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ရဲ့ထိပ်တန်းဂိုုးသွင်းရှင်တစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ ပထမဦးဆုံး ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကမ္ဘာပေါ်က ဘယ်ကစားသမားထက်မဆို မှတ်တမ်းကောင်း၊ စံချိန်ကောင်းတွေ ပိုင်ဆိုင်ထားတာဖြစ်တာနဲ့အညီ ပရိသတ်တွေရဲ့ မျှော်မှန်းချက်တွေကလည်း ပိုမိုကြီးမားခဲ့တာ သာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပါတယ်။

သာမန်ဖြစ်ရိုးဖြစ်စဉ်မဖြစ်ခဲ့တာကတော့ ပထမပိုင်း ၂၉ မိနစ်မှာ ဗလင်စီယာအသင်းရဲ့ နောက်ခံကစားသမား မူရီလိုနဲ့ ရော်နယ်ဒိုတို့ အပြန်အလှန်အချင်းများခဲ့ရာမှာ ကွင်းလယ်ဒိုင်က ကစားသမား ၂ ဦးစလုံးကို အဝါကတ်ပြ သတိပေးရမယ့်အစား လက်ထောက်ဒိုင်နဲ့ တိုင်ပင်ပြီး ရော်နယ်ဒိုတစ်ဦးတည်းကို တိုက်ရိုက်အနီကတ်ပြသခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။

 

ရုပ်သံမှတ်တမ်းတွေအရ ရော်နယ်ဒိုရဲ့လုပ်ရပ်ဟာ အနီကတ်ပြသရလောက်တဲ့အထိ မပြင်းထန်ခဲ့တာကို တွေ့ရပြီး ဟန်ဆောင်လှဲချခဲ့တဲ့ မူရီလိုကို ဒေါသနဲ့ လက်ကိုဝှေ့ယမ်းပြီး ပြန်ထဖို့အတွက် ခေါင်းကို ကိုင်ခဲ့တာသာဖြစ်ပါတယ်။ ယင်းဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က မြင်တွေ့ခဲ့ခြင်းမရှိဘဲ နှစ်ဖက်အသင်းကစားသမားတွေ ဝရုန်းသုန်းကားဖြစ်တော့မှသာ သိခဲ့ရတာဖြစ်ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကွင်းအတွင်းကနေ မထွက်ခွာမီမှာ ဒိုင်လူကြီးကို ၎င်းအနေနဲ့ ဘာမှမလုုပ်ခဲ့ကြောင်း ပြောကြားခဲ့ပေမယ့် ဖီးလစ်ဘရစ်ချ်က တစုံတရာမှတ်ချက်ပေးဖို့ လစ်လျူရှုခဲ့ပြီး ရော်နယ်ဒိုကို ကွင်းအတွင်းကနေ ထွက်ခွာဖို့သာ ညွှန်ကြားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အနီကတ်ဟာ ထိုက်တန်ခြင်းမရှိဘူးလို့ ယုံကြည်နေတဲ့ပရိသတ်တွေအတွက် ဒေါသအကြီးအကျယ်ပေါက်ကွဲဖို့ဖြစ်ခဲ့ပြီး ပရိသတ်တွေက လူမှုကွန်ရက်တွေမှာ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ယခုရာသီအစောပိုင်းက ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲကို ရော်နယ်ဒို မတက်ရောက်ခဲ့တဲ့အတွက် တမင်သက်သက် လက်စားချေခြင်းဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

 

ဥရောပရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုဟာ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်း လူကာမိုဒရစ် ရော်နယ်ဒိုနဲ့ မိုဟာမက်ဆာလာကို ကျော်ဖြတ်ပြီး ရရှိသွားခဲ့တာဖြစ်ပါတယ်။ ခရစ်စတီယာနိုုရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့ဂျ်မန်းဒက်စ်က ယင်းရလဒ်နဲ့ပတ်သက်ပြီး အခုလိုပဲပြောကြားခဲ့ပါသေးတယ်။

"တော်တော်လေး ရယ်ရတဲ့ကိစ္စပဲ။ ဘောလုံးဆိုတာ မျဉ်းလေးကြောင်းရဲ့အထဲမှာ ကစားရတဲ့ဟာပါ။ အဲဒါမှာ ရော်နယ်ဒိုက ဆုဖလားတွေ ကိုင်မြှောက်ခဲ့တယ်။ သူ ၁၅ ဂိုးသွင်းယူပေးပြီး ချန်ပီယံလိဂ်ကို ရီးရဲမက်ဒရစ်အသင်း နောက်ထပ်တစ်ကြိမ် သိမ်းပိုက်နိုင်အောင် သူ သယ်ဆောင်ပေးခဲ့တာပါ။ အဲဒါက တော်တော်လေးရယ်ရပြီး အရှက်ရစရာကိစ္စပါပဲ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က