ဘက်ခမ်းက သူပိုင်တဲ့ အင်တာမီယာမီအသင်းကို နည်းပြပေးဖို့ ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။

ဇီဒန်းနဲ့ ဘက်ခမ်းက ရီးရဲအသင်းမှာ ကစားဖော်တွေ ဖြစ်ခဲ့ဖူးကြပြီး အခုချိန်မှာတော့ အသင်းပိုင်ရှင်ဖြစ်နေတဲ့ ဘက်ခမ်းက နည်းပြဖြစ်နေတဲ့ ဇီ ဒန်းကို သူပိုင်တဲ့အသင်းကို နည်းပြပေးဖို့ ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။

Photo - Getty Images

 

အင်္ဂလန် နာမည်ကျော် ကစားသမား ဒေးဗစ်ဘက်ခမ်းဟာ အခုချိန်မှာတော့ အမေရိကန် မေဂျာလိဂ်မှာ ပြိုင်ပွဲဝင်ဖို့ အင်တာ မီယာမီ အသင်း တစ်သင်းကို တည်ထောင်ထားနှင့်ပြီး ဖြစ်ပါတယ်။

နောက်ဆုံး (၁၅)ပွဲမှာ (၁၅)ဂိုး သွင်းယူခဲ့တဲ့ ဇလာတန်အီဘရာဟီမိုဗစ် 

ဒါပေမယ့် ဒီအသင်းကို လာမယ့် ၂၀၂၀ ခုနှစ်မှသာ စတင်ပြီး မေဂျာလိဂ်မှာ ပြိုင်ပွဲဝင်စေမှာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းကို နည်းပြဖို့ ကစားဖော်ဟောင်းတစ်ဦးဖြစ်တဲ့ ဇီဒန်းကို ဖိတ်ခေါ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo - Getty Images

 

ဇီဒန်းက မနှစ်က ဘောလုံးရာသီအပြီးမှာ ရီးရဲအသင်းရဲ့ နည်းပြအဖြစ်ကနေ နှုတ်ထွက်ထားသူ ဖြစ်ပြီး လက်ရှိမှာတော့ အသင်းလက်မဲ့ဖြစ်နေသူ လည်း ဖြစ်ပါတယ်။

စပိန်သတင်းဌာန မာကာရဲ့ ဖော်ပြချက်အရ ဇီဒန်းဟာ လက်ရှိ မန်ယူအသင်းနဲ့ ရလဒ်တွေ မတည်မငြိမ်ဖြစ်နတဲ့ နည်းပြမော်ရင်ဟိုနေရာမှာ အစားဝင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေတယ်လို့လည်းသိရပါတယ်။

Photo - Getty Images

 

ဒီအခြေအနေမှာတော့ တစ်ချိန်က ရီးရဲ ကစားဖော်ဟောင်း ဒေးဗစ်ဘက်ခမ်းက သူပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းမှာ နည်းပြလာလုပ်ဖို့ ညှိုနှိုင်းချင်တဲ့အကြောင်း ပြောကြားလာခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဇီဒန်းအနေနဲ့ မန်ယူအသင်းရဲ့ နည်းပြလုပ်ခွင့်ရဖို့ မျှော်လင့်နေတယ်ဆိုတဲ့အကြောင်း သူ့ သူငယ်ချင်းကို ဖွင့်ဟခဲ့တာကလည်း ရှိနေပြန်တော့ မန်ယူနဲ့ သူငယ်ချင်းအကြားမှာ ဇီဒန်းဘာကိုရွေးချယ်မလဲ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Share

Loading Next Article...
က္က