ဘီဆစ်ခ်တက်အသင်းကို အငှားနဲ့ပြောင်းရွှေ့ခဲ့တာပါ။

တူရကီထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘီဆစ်ခ်တက်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂိုးသမား ကားရီးယပ်စ်ဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲအိပ်မက်ဆိုးရဲ့ ခြောက်လှန့်မှုကို ခံနေရဆဲဖြစ်ပြီး လီဗာပူးအသင်းကနေ ထွက်ပြေးသွားခဲ့တယ်ဆိုတဲ့ ပြောကြားမှုတွေကို ငြင်းပယ်သွားခဲ့ပါတယ်။



5a6d267a043ba168831c08d5ec622e98.jpg

Photos: skysport

ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ လီဗာပူးအသင်းရဲ့ဂိုးသမား ကားရီးယပ်စ်ဟာ ဆိုးရွားတဲ့ အမှား ၂ ခုကို ပြုလုပ်ခဲ့တာကြောင့် လီဗာပူးအသင်းဟာ ရီးရဲမက်ဒရစ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ကာလရှည်ဝေးကွာနေတဲ့ ဥရောပအောင်မြင်မှုကို လက်တကမ်းအလိုမှ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

ကားရီးယပ်စ်ဟာ ယခုနွေရာသီ ရာသီကြိုပွဲစဉ်တွေမှာလည်း ကိုယ့်ကိုယ်ကိုယုံကြည်ချက်ပျောက်ဆုံးနေခဲ့ပြီး ထရန်းမီးယားနဲ့ပွဲစဉ်မှာလည်း နောက်ထပ် အမှားတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ရိုးမားအသင်းရဲ့ ကြယ်ပွင့်ဂိုးသမား အယ်လီဆင်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးနောက် ဘီဆစ်ခ်တက်အသင်းကို ၂ နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ဖြစ်ပါတယ်။

Photos: skysport

 

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကားရီးယပ်စ်ဟာ လီဗာပူးအသင်းကနေ ထွက်ခွာပြီးကတည်းက ပထမဆုံးအနေနဲ့ ပြောဆိုခဲ့တာဖြစ်ပြီး ၎င်းနဲ့ နည်းပြ ယာဂင်ကလော့ပ်တို့ကြားမှာ ဘာပြဿနာမှ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ယာဂင်ကလော့ပ်နဲ့ ဘာပြဿနာမှ မရှိပါဘူး။ တကယ်တော့ ကျွန်တော်တို့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ သူ ကျွန်တော့်ကို ဘယ်တုန်းကမှ အပြစ်မတင်ပါဘူး"

"လီဗာပူးအသင်းကနေ ထွက်ခွာဖို့ ကျွန်တော့်ကို ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ကျွန်တော် ထွက်ပြေးတာမဟုတ်ပါဘူး"

"ကျွန်တော့်အသက်အရွယ်က ပုံမှန်ကစားဖို့ လိုတဲ့အရွယ်မှာရှိနေပါတယ်။ အယ်လီဆင်ရဲ့အပြောင်းအရွှေ့ပြီးနောက်မှာတော့ အစ္စတန်ဘူလ်ကို ပြောင်းရွှေ့ပြီး ဘီဆစ်ခ်တက်အသင်းနဲ့လက်တွဲဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က