ဘလွန်းဒီအော်ဆုပေးပွဲမှာ ကိုပါဆုကို ထပ်မံထည့်သွင်းထားပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုုနဲ့ ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီတို့ဟာ ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားအဖြစ် အသိအမှတ်ပြုမယ့် ဆုအသစ်အတွက် ဒိုင်လူကြီးတွေထဲမှာ ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က သေဆုံးခဲ့တဲ့ ဘလွန်းဒီအော်ဆုရှင်ဟောင်း ရေမွန်ကိုပါကို ဂုဏ်ပြုတဲ့အနေနဲ့ ဘလွန်းဒီအော်ဆုပေးပွဲမှာ ကိုပါဆုကို ထပ်မံထည့်သွင်းခဲ့တာဖြစ်ပါတယ်။



ronaldo-messi-770x433.jpg

Photos: AS

ပြင်သစ်ဘောလုံးမဂ္ဂဇင်းကနေ ပေးအပ်ချီးမြှင့်နေတဲ့ ဘလွန်းဒီအော်ဆုပေးပွဲကို လာမယ့်ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ယင်းအခမ်းအနားမှာ ကိုပါဆုကလည်း တစ်စိတ်တပိုင်းအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လ ၁၇ ရက်နေ့ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ၁၉၅၈ ခုနှစ်ရဲ့ဘလွန်းဒီအော်ဆုရှင် ရေမွန်ကိုပါကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားဆုကို ကိုပါဆုအဖြစ် သတ်မှတ်ပြီး ဘလွန်းဒီအော်ဆုပေးပွဲမှာ ပေးအပ်သွားမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

ကိုပါဆုဟာ အသက် ၂၁ နှစ်အောက် လူငယ်ကစားသမားတွေကို ရွေးချယ်ပေးအပ်သွားမှာဖြစ်ပြီး ယင်းဆုအတွက် ဒိုင်တွေအဖြစ်နဲ့ ဘလွန်းဒီအော်ဆုရှင်ဟောင်းတွေက မဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။ ဒိုင်စာရင်းထဲမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့က အခြားဒိုင်တွေဖြစ်တဲ့ ဇီဒန်း၊ ရော်နယ်ဒင်ဟို၊ ဘော်ဘီချာတန်တို့နဲ့အတူ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ဖြစ်ပါတယ်။

Photos: L'Equipe

 

ယခုနှစ်မှာ နောက်ထပ်အထူးဆုအနေနဲ့ အမျိုးသမီးကစားသမားတွေအတွက်ပါ ဘလွန်းဒီအော်ဆုကိုပါ ပထမဆုံးအကြိမ်အနေနဲ့ ထပ်မံထည့်သွင်းထားတယ်လို့ သိရပါတယ်။ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဆန်ခါတင် ၁၅ ဦးစာရင်းကို ရွေးချယ်ထားပြီး နိုင်ငံတကာဂျာနယ်လစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒိုင်အဖွဲ့တွေက အနိုင်ရရှိသူကို ဆုံးဖြတ်ဖို့ မဲပေးကြမှာဖြစ်ပါတယ်။

"ဒီလိုဂုဏ်သိက္ခာကြီးမားတဲ့ဆုကို အမျိုးသမီးတွေ ရရှိမှာကို ကျွန်မအမြဲတမ်းမြင်တွေ့ချင်ခဲ့တာပါ"

"ဒါဟာ တန်းတူညီမျှမှုအတွက် နောက်ထပ်ခြေတလှမ်း လှမ်းလိုက်တာပါ"လို့ ဘရာဇီးအမျိုးသမီးလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူး မာတာက ပြင်သစ်ဘောလုံးမဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က