ရော်နယ်ဒိုနဲ့ မက်ဆီတို့ မတက်ရောက်ခဲ့ဘူးလို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့အတွက် အောင်မြင်မှုတွေရယူပေးခဲ့တဲ့ လူကာမိုဒရစ်ဟာ ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုကို ရော်နယ်ဒိုနဲ့ မိုဟာမက်ဆာလာတို့ကို ကျော်ဖြတ်ပြီး ရရှိသွားခဲ့ပါတယ်။ လူကာမိုဒရစ်ဟာ ပြီးခဲ့တဲ့ ဥရောပတစ်နှစ်တာအကောင်းဆုံးဆုကိုလည်း ရော်နယ်ဒိုနဲ့ ဆာလာတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။



4523590-6203437-image-a-26_1537826811684.jpg

လူကာမိုဒရစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ဒုတိယနေရာရရှိအောင် မစွမ်းဆောင်ပေးမီ ပြီးခဲ့တဲ့မေလမှာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ဆန်ခါတင်ကစားသမားတွေထဲက အနိုင်ရရှိသူကို လက်ရွေးစင်နည်းပြတွေရဲ့ မဲ ၂၅ ရာခိုင်နှုန်း၊ လက်ရွေးစင်အသင်းခေါင်းဆောင်တွေရဲ့မဲ ၂၅ ရာခိုင်နှုန်း၊ ရွေးချယ်ထားတဲ့မီဒီယာကိုယ်စားလှယ်တွေရဲ့မဲ ၂၅ ရာခိုင်နှုန်းနဲ့ အွန်လိုင်းမဲပေးမှု ၂၅ ရာခိုင်နှုန်းတို့ ပေါင်းပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လက်ခံရယူပြီးနောက်မှာ လူကာမိုဒရစ်က အခြားဆန်ခါတင်ကစားသမား ၂ ဦးဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ မိုဟာမက်ဆာလာတို့အနေနဲ့ ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့ကြတဲ့အတွက် ဂုဏ်ပြုလိုကြောင်း ပြောကြားခဲ့ပါတယ်။

 

"ကောင်းမွန်တဲ့ရာသီ ပိုင်ဆိုင်ခဲ့ကြတဲ့ ရော်နယ်ဒိုနဲ့ဆာလာတို့ကို ကျွန်တော် ဂုဏ်ပြုလိုပါတယ်"

"ဒီဆုက ကျွန်တော်တယောက်တည်း ပိုင်ဆိုင်တဲ့အရာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မက်ဒရစ်အသင်းဖော်တွေအားလုံးအတွက်ပါ။ ကျွန်တော့်ရဲ့ ခရိုအေးရှားလက်ရွေးစင်အသင်းဖော်တွေအတွက်နဲ့ ကျွန်တော် ကစားပေးခဲ့တဲ့ နည်းပြတွေ အားလုံးအတွက်ပါ။ သူတို့တွေမရှိဘဲနဲ့ ဒီဆုရရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"

"ဒီဆုက ကျွန်တော့်ရဲ့ မိသားစုအတွက်လည်း ဟုတ်ပါတယ်။ သူတို့သာမရှိရင် ကျွန်တော်လည်း ကစားသမားတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ သူတို့က အကောင်းဆုံးပါပဲ"

"တကမ္ဘာလုံးမှာရှိကြတဲ့ ကျွန်တော့်ရဲ့ပရိသတ်တွေအားလုံးကို ခုလို ကြီးကြီးမားမား အားပေးထောက်ခံကြပြီး ပြသခဲ့ဲတဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ကျေးဇူးတင်ပါတယ်။ အဲဒါက ကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီးရှိပါတယ်။ ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

လူကာမိုဒရစ်ဟာ ဖီဖာရဲ့အကောင်းဆုံးအသင်းမှာလည်း ရွေးချယ်ခံခဲ့ရပြီး ယင်းအသင်းမှာ ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ ဒီဂီယာ၊ ကန်တေနဲ့ ဟာဇက်တို့လည်း ပါဝင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က