လူကာမိုဒရစ်ကို မဲပေးခဲ့ပါတယ်။

တနင်္လာနေ့ညနေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးဆုချီးမြှင့်ပွဲမှာတော့ ရီးရဲမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား လူကာမိုဒရစ်က အခြား ဆန်ခါတင်ကစားသမား ၂ ဦးဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ မိုဟာမက်ဆာလာကို ကျော်ဖြတ်ပြီး ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။



gettyimages-1039446404.jpg

ဆန်ခါတင်ကစားသမားတွေထဲက အနိုင်ရရှိသူကို လက်ရွေးစင်နည်းပြတွေရဲ့ မဲ ၂၅ ရာခိုင်နှုန်း၊ လက်ရွေးစင်အသင်းခေါင်းဆောင်တွေရဲ့မဲ ၂၅ ရာခိုင်နှုန်း၊ ရွေးချယ်ထားတဲ့မီဒီယာကိုယ်စားလှယ်တွေရဲ့မဲ ၂၅ ရာခိုင်နှုန်းနဲ့ အွန်လိုင်းမဲပေးမှု ၂၅ ရာခိုင်နှုန်းတို့ ပေါင်းပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

တကမ္ဘာလုံးက နိုင်ငံလက်ရွေးစင်အသင်းနည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေအားလုံး မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပြီး ဖီဖာကနေ ထုတ်ပြန်လိုက်တဲ့ မဲစာရင်းမှာ မြန်မာနိုင်ငံလက်ရွေးစင်အသင်းနည်းပြနဲ့ အသင်းခေါင်းဆောင်တို့ရဲ့ မဲပေးမှုကို မြင်တွေခဲ့ရပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွန်နီဟေးဟာ ပထမနေရာအတွက် လူကာမိုဒရစ်ကို မဲပေးခဲ့ပြီး ဒုတိယနေရာအတွက် ဟာဇက်၊ တတိယနေရာအတွက် ဂရစ်ဇ်မန်းတို့ကို မဲပေးခဲ့ပါတယ်။

 

လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်တဲ့ ဇော်မင်းထွန်းကလည်း နည်းပြချုပ် အန်တွန်နီဟေးနည်းတူ ပထမနေရာအတွက် လူကာမိုဒရစ်ကို မဲပေးရွေးချယ်ခဲ့ပြီး ဒုတိယနေရာအတွက် ဟာဇက်၊ တတိယနေရာအတွက် ဂရစ်ဇ်မန်းကို မဲပေးခဲ့တာကို တွေ့ရပါတယ်။ ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုအတွက် မဲပေးရွေးချယ်ရာမှာ မြန်မာနိုင်ငံက မဲပေးခွင့်ရှိသူနှစ်ဦးစလုံးဟာ ရော်နယ်ဒိုနဲ့ မိုဟာမက်ဆာလာကို ချန်လှပ်ခဲ့တာဖြစ်ပြီး ဟာဇက်နဲ့ ဂရစ်ဇ်မန်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ အစဉ်အလာပြိုင်ဘက်ဖြစ်တဲ့ ထိုင်းလက်ရွေးစင်အသင်းရဲ့အသင်းခေါင်းဆောင် သမ်ဆတ်ချနန်ကတော့ ပထမနေရာအတွက် အီဒင်ဟာဇက်ကို မဲပေးခဲ့ပြီး ဒုတိယနေရာအတွက် ရော်နယ်ဒို၊ တတိယနေရာအတွက် မိုဟာမက်ဆာလာကို မဲပေးခဲ့ပါတယ်။ ထိုင်းလက်ရွေးစင်နည်းပြချုပ် မီလိုဗန်ရာဂျီဗတ်ကတော့ ပထမနေရာအတွက် လူကာမိုဒရစ်ကို မဲပေးခဲ့ပြီး ဒုတိယနေရာအတွက် ဘတ်ပီ၊ တတိယနေရာအတွက် မိုဟာမက်ဆာလာကို မဲပေးရွေးချယ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က