အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် ဖီဖာရဲ့အကောင်းဆုံးဆုပေးပွဲဟာ ယမန်နေ့ညမှာ ကျင်းပပြုလုပ်ခဲ့ပြီး ထွက်ပေါ်လာတဲ့ ဆုရရှိသူတွေနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ ဖီဖာရဲ့ယခုနှစ်ဆုပေးပွဲဟာ ဆုရရှိသင့်တဲ့သူတွေကို ဆန်ခါတင်စာရင်းကနေ ချန်လှပ်ခဲ့ခြင်း၊ ဆုမရရှိသင့်သူတွေကို ဆုပေးအပ်ခဲ့ခြင်း၊ ဆုရရှိသူတွေကို ဆုရရှိဖို့ မထိုက်တန်သလို အဓိပ္ပာယ်သက်ရောက်စေမယ့်ဆုံးဖြတ်ချက်တွေချမှတ်ခဲ့ခြင်း စတဲ့ အရှုပ်ထုပ်တွေနဲ့ ဆုပေးပွဲသာ ပြီးဆုံးသွားခဲ့ပေမယ့် အားကစားလောကနဲ့ ပရိသတ်တွေကြားမှာ ပွက်လောရိုက်နေဆဲဖြစ်ပါတယ်။

ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုအတွက် မဲပေးရာမှာ ရော်နယ်ဒိုနဲ့ ဆာလာကို ချန်လှပ်ခဲ့တဲ့ မြန်မာ 

၁။ ဆာလာနဲ့ ဒီဘရိုင်းတို့ FIFPro Xl မှာ မပါဝင်ခြင်း

 

မိုဟာမက်ဆာလာဟာ ယခုနှစ်အကောင်းဆုံးကစားသမားဆု ဆန်ခါတင် ၃ ဦးစာရင်းဝင်ကစားသမားဖြစ်ပါတယ်။ ဖီဖာရဲ့အကောင်းဆုံးအသင်းမှာ မိုဟာမက်ဆာလာပါဝင်သင့်ပေမယ့် ဖီဖာက ထည့်သွင်းခဲ့ခြင်းမရှိပါဘူး။ကီဗင်ဒီဘရိုင်းဟာ မန်စီးတီးအသင်းရဲ့စံချိန်သစ်ရေးထိုးနိုင်ခဲ့တဲ့ရာသီမှာ အဓိကစွမ်းဆောင်ခဲ့ပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်ထိတက်ရောက်ခဲ့သူဖြစ်ပေမယ့် မပါဝင်ခဲ့ပါဘူး။

 

၂။ ပွတ်စကပ်ဆုကို မိုဟာမက်ဆာလာ ရရှိသွားခြင်း

 

ဆာလာနဲ့အမှန်တကယ်ထိုက်တန်တဲ့ ဖီဖာရဲ့အကောင်းဆုံးအသင်းမှာပါဝင်ခွင့်မရပေမယ့် ပွတ်စကပ်ဆုကိုတော့ အံ့အားသင့်ဖွယ် ရရှိသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာက အဲဗာတန်နဲ့ပွဲမှာ ကန်သွင်းခဲ့တဲ့သာမန်သွင်းဂိုးဟာ ဂါရတ်ဘေးလ်ရဲ့ ချန်ပီယံဗိုလ်လုပွဲက နောက်ပြန်ကန်ချက်ထက် ပွတ်စကပ်ဆုနဲ့ ထိုက်တန်ခဲ့တာက အဓိပ္ပာယ်မရှိခဲ့ပါဘူး။

 

၃။ အကောင်းဆုံးဂိုးသမားဆုရပေမယ့် အကောင်းဆုံးအသင်းမှာ မပါတဲ့ ကော်တိုရစ်

 

ဟူဂိုလိုရစ်၊ ကက်စပါရှမိုက်ကယ်ကို ကျော်ဖြတ်ပြီး အကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့တဲ့ ကော်တိုရစ်ဟာ ဖီဖာရဲ့အကောင်းဆုံးအသင်းမှာတောင် မပါဝင်ခဲ့ပါဘူး။ဖီဖာရဲ့ဆုံးဖြတ်ချက်ဟာ ကော်တိုရစ်အနေနဲ့ ဆန်ခါတင် ၃ ဦးစာရင်းမှာတောင် မပါဝင်ခဲ့သင့်ဘူးဆိုုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

 

၄။ ဖီဖာရဲ့အကောင်းဆုံးအသင်းမှာ ဒန်နီအဲဗက်စ်ပါဝင်နေခြင်း

 

ဒန်နီအဲဗက်စ်ဟာ နှစ်ပေါင်းများစွာ အကောင်းဆုံးအသင်းမှာ ပါဝင်ဖို့ထိုက်တန်ခဲ့ပေမယ့် ဒီနှစ်မှာတော့ မဟုတ်ပါဘူး။အဲဗက်စ်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ဒဏ်ရာရရှိခဲ့ပြီး ကမ္ဘာ့ဖလားကိုလည်း လွဲချော်ခဲ့သူဖြစ်ပါတယ်။ ဒန်နီအဲဗက်စ်အစား ညာနောက်ခံနေရာမှာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ဝေါ်ကာ (သို့) ကာဗာဂျယ်ကို ထည့်သွင်းခဲ့တာကမှ အဓိပ္ပာယ်ရှိပါလိမ့်မယ်။

 

Share

Loading Next Article...
က္က