ယခုလအစတုန်းကပွဲစဉ်တွေကိုလည်း လွဲချော်ခဲ့သူပါ။

အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ စကာလိုနီက အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ လာမယ့်လမှာ နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပြီး မက်ဆီနဲ့ လက်ရွေးစင်အသင်းရဲ့အနာဂတ်ဟာ မရေရာမသေချာမှုတွေ ပိုမိုများပြားလာခဲ့ပြီဖြစ်ပါတယ်။



5b030fd11ae66220008b486a-750-562.jpg

Photos: Business Insider

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မက်ဆီဟာ ယခုလအစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂွါတီမာလာ၊ ကိုလံဘီယာအသင်းတို့နဲ့ပွဲစဉ်ကိုလည်း လွဲချော်ခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ လာမယ့်လမှာ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာပွဲစဉ်ကိုလည်း လွဲချော်တော့မှာဖြစ်ပါတယ်။

ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုအတွက် မဲပေးရာမှာ ရော်နယ်ဒိုနဲ့ ဆာလာကို ချန်လှပ်ခဲ့တဲ့ မြန်မာ 

အာဂျင်တီးနားအသင်းဟာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ဆော်ဒီအာရေဗျအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး နောက်ထပ် ၅ ရက်အကြာမှာတော့ ဘရာဇီးလ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားအသင်းရဲ့အဓိကကြယ်ပွင့်တိုက်စစ်မှူး မက်ဆီကတော့ ယင်းပွဲစဉ်တွေမှာ ပါဝင်ကစားသွားမှာမဟုတ်ဘူးလို့ အာဂျင်တီးနားအသင်းရဲ့ယာယီနည်းပြ စကာလိုနီက အတည်ပြုပြောကြားခဲ့ပါတယ်။

Photos: Sportskeeda

 

"ကျွန်တော် သူနဲ့ စကားပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ သူ ဒီကို မလာဘဲ ဝင်မကစားတာက သူ့အတွက် အကောင်းဆုံးအရာလို့ တွေးနေတုန်းပါပဲ"

"ကျွန်တော်တို့ဟာ ကွဲပြားခြားနားတဲ့အဆင့်တစ်ခုမှာပါ။ အသင်းသားတွေအနေနဲ့ လက်ရွေးစင်ဝတ်စုံကို ဆက်ဝတ်ဆင်ရမှာပါ။ သူတို့တွေ ဘာလုပ်ပြမလဲဆိုတာ ကြည့်ရမယ်။ အဲဒါက အရေးကြီးဆုံးအရာပါ"လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် မက်ဆီ နောက်ဆုံးကစားပေးခဲ့တာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်မှာဖြစ်ပြီး မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၁၂၅ ပွဲကစားထားရာမှာ ၆၅ ဂိုုးသွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က