အသက်၂၁ နှစ်အရွယ်သာရှိသေးပြီး မိုဒရစ်လက်သစ်လို့ တင်စားခြင်းခံနေရပါတယ်။

အသက် ၂၁ နှစ်သာရှိသေးပြီး မိုဒရစ်လက်သစ်လို့ တင်စားခြင်းခံနေရတဲ့ ဒီကစားသမားဟာ နယ်သာလန် လက်ရွေးစင်အသင်းကြီးအတွက် ပီရူးကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ပထမဆုံး ပွဲထွက်ကစားပေးနှင့်ပြီ ဖြစ်ပါတယ်။

 

ပရီးမီးယားလိဂ်က မန်ယူနဲ့မန်စီးတီးအသင်းတို့ဟာ လာလီဂါက ရီးရဲမက်ဒရစ်အသင်းနဲ့ ပြိုင်ပွဲတစ်ခုမှာ ထိပ်တိုက်တွေ့ဆုံနေပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကတော့ ဘောလုံးပြိုင်ပွဲတော့ မဟုတ်ပဲ ကစားသမား လုပွဲဖြစ်ပြီး အေဂျက်အသင်းက ခြေစွမ်းမြင့်ကစားသမား ဖရန်ကီ ဒီဂျောင်ကို လုကြတာ ဖြစ်ပါတယ်။

 

အသက် ၂၁ နှစ်သာရှိသေးတဲ့ ဒီကစားသမားလေးရဲ့ မြင့်မားတဲ့ခြေစွမ်းကြောင့်လည်း ဥရောပအင်အားကြီးအသင်းတွေ ဖြစ်တဲ့ စပါး၊ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊နဲ့ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိထားရပါတယ်။

ဒါပေမယ့်လည်း မန်ယူနဲ့ ရီးရဲကတော့ ဒီဂျောင်ကို ပြီးခဲ့တဲ့ AEK နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ တွေ့ခဲ့ရတဲ့ ခြေစွမ်းကို ကြည့်ပြီး စိတ်ဝင်စားခဲ့ တာဖြစ်ပြီး သူ့ရဲ့ အေးဂျင့်ကတော့ ဘယ်လိုအသင်းတွေက တရားဝင်ကမ်းလှမ်းထားတယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဆို ပါတယ်။

အေဂျက် ထွက်ကုန် ကွင်းလယ်ကစားသမားအနေနဲ့ လူကာမိုဒရစ်လို့ တင်စားခေါ်ဝေါ်ခြင်းခံထားရသူ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ပေါင် ၇၂ သန်းနဲ့ကမ်းလှမ်းမှုကို ပယ်ချထားတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

အေဂျက်အသင်းရဲ့ အားကစားဒါရိုက်တာ အိုဗားမားကတော့ သူတို့ကစားသမားကို ရောင်းချမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

လက်ရှိမှာတော့ ဒီဂျောင်အနေနဲ့ အေဂျက်အတွက် ပွဲ ၅၀ လောက်ကစားပေးထားနှင့်ပြီး ဖြစ်ပြီး နိုင်ငံလက်ရွေးစင်အသင်းအတွက်လည်း ပြီးခဲ့တဲ့ ဇွန်လက ပီရူးကို အနိုင်ရခဲ့တဲ့ ခြေစွမ်းပွဲမှာ ပထမဆုံး ပါဝင်ကစားပေးထားနိုင်ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က