ပွဲချိန်ပြောင်းလဲမှုတွေ၊ လက်မှတ်ခမြှင့်တင်ရောင်းချမှုတွေကြောင့် ပရိသတ်တွေအခက်တွေ့နေကြပါတယ်။

ဂျာမနီဘွန်ဒက်စ်လီဂါပွဲစဉ်တွေကို ရုပ်သံထုတ်လွှင့်ခွင့်အတွက် ပွဲချိန်အပြောင်းအလဲပြုလုပ်ခဲ့တဲ့အပေါ် ပရိသတ်တွေက တုံ့ပြန်ဆန္ဒြုပမှုတွေကို စတင်လုပ်ဆောင်နေပါပြီ။ ပြောင်းလဲခဲ့တဲ့ ပွဲချိန်တွေက ပရိသတ်တွေ ကွင်းအတွင်းလာရောက်အားပေးဖို့အတွက် အခက်အခဲဖြစ်စေလို့ အခုလို တုံ့ပြန်မှုတွေကို လုပ်ဆောင်နေတာပါ။


Dn9pXx2WkAAh06O.jpg

Photo: Daily Mail

 

ဂျာမနီဘွန်ဒက်စ်လီဂါပွဲစဉ်တွေကို ဒီနှစ်ဘောလုံးရာသီကစတင်ပြီး ပွဲချိန်ပြောင်းလဲမှုတွေ၊ လက်မှတ်ခမြှင့်တင်ရောင်းချမှုတွေကြောင့် ပရိသတ်တွေအခက်တွေ့နေကြပါတယ်။ ဒီအတွက် ကလပ်အသင်း အသီးသီးက ပရိသတ်အဖွဲ့အစည်းတွေက ကန့်ကွက်မှုတွေလုပ်ခဲ့ပေမယ့် အရာမထင်ခဲ့လို့ လှုပ်ရှားမှုကို အဆင်မြှင့်လာခဲ့ပါတယ်။ ဒါကတော့ ဘောလုံးကွင်းအတွင်းမှာ တုံ့ပြန်ဆန္ဒပြမှုတွေလုပ်လာခဲ့တာပါ။

Photo: Daily mail

အော့စ်ဘတ်အသင်းကို ချီးကျူးခဲ့တဲ့ နီကိုကိုဗတ်နဲ့ အာဂျန်ရော်ဘင် 

ဂျာမနီဘောလုံးပရိသတ်တွေဟာ ဒီလှုပ်ရှားမှုကို ကြားရက်တွေမှာကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွေမှာစတင် ခဲ့ပါတယ်။ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ဝါဒါဘရီမင်နဲ့ ဟာသာဘာလင်တို့ပွဲမှာ ပရိသတ်တွေဟာ ပွဲမတိုင်ခင်နဲ့ ပွဲကစားအပြီး ၁၈မိနစ် ၃၀စက္ကန့်အထိ အသံတိတ်နေပြီး စာတန်းတွေနဲ့ ဆောင်ပုဒ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲကစားခဲ့တဲ့ ဟန်နိုဗာနဲ့ဖရိုင်းဘတ်ပွဲမှာလည်း ပုံစံတူ ဆန္ဒပြမှုတွေကို ပရိသတ်တွေက လုပ်ခဲ့ကြပါတယ်။

Photo: Daily Mail

 

ဆန္ဒပြခဲ့တဲ့ ပရိသတ်တွေရဲ့အဓိကပစ်မှတ်က ဂျာမနီဘောလုံးအဖွဲ့ချုပ်နဲ့ ဂျာမနီလိဂ်အဖွဲ့ချုပ်ကိုပါ။ ဂျာမနီလိဂ်အဖွဲ့ချုပ်နဲ့ဘောလုံးအဖွဲ့ချုပ်တို့ဟာ အခပေးရုပ်သံထုတ်လွှင့်ခွင့်ကနေ ဝင်ငွေပိုမိုရရှိစေဖို့အတွက် ပွဲချိန်တွေကို ပြောင်းခဲ့တာဖြစ်ပြီး လက်မှတ်ခဈေးနှုန်းတွေကိုလည်းမြှင့်တင်ခဲ့တာပါ။ ဒါပေမယ့် ပရိသတ်တွေအတွက် ထူးခြားတဲ့ဝန်ဆောင်မှုအစီအစဉ်တွေမပါဝင်ပဲ အပြောင်းအလဲတွေကို လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲခံနေရပါတယ်။ အသံတိတ်ဆန္ဒပြခဲ့တဲ့ ပရိသတ်တွေဟာ အခပေးရုပ်သံလိုင်းတွေကို ဆန့်ကျင်တဲ့ဆောင်ပုဒ်တွေဖြစ်တဲ့ “ဘောလုံးဆိုတာ မင်းနဲ့ငါ့အတွက်၊ အခပေးရုပ်သံလိုင်းတွေအတွက် မဟုတ်ဘူး”။ “ လူတိုင်းဘောလုံးကွင်းထဲလာနိုင်ရမယ်”။ စတဲ့စာတန်းတွေကို ကွင်းအတွင်းယူဆောင်လာခဲ့ကြပါတယ်။ နောက်ထပ် ဆန္ဒပြမှုတွေကိုလည်း ထပ်မံပြုလုပ်ဦးမယ်လို့ ပရိသတ်အဖွဲ့အစည်းတွေက ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က