ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ တစ်သင်းတည်းသော ရာနှုန်းပြည့်နိုင်ပွဲဆက်အသင်းဖြစ်ပါတယ်။

ဥရောပ ထိပ်တန်း လိဂ် ၅ ခုမှာ တစ်သင်းတည်းသော ၈ ပွဲဆက် အနိုင်ရရှိထားတဲ့ အသင်း ဖြစ်ပြီး စီးရီးအေမှာလည်း ၂၁ မှတ်နဲပ ၇ ပွဲကစား ၇ ပွဲနိုင်ပြီး ထိပ်ဆုံးက ဦးဆောင်နေပါတယ်။



Photo - REUTERS

 

ယခုနှစ်ဘောလုံးရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ခြေစွာနေတဲ့ ဂျူဗင်တပ်အသင်းကတော့ ယခုတစ်ပတ် ခက်ခဲတဲ့ ပြိုင်ဖက် နာပိုလီအ သင်းနဲ့ပွဲမှာလည်း ၃-၁ ဂိုးနဲ့ ထပ်မံ အနိုင်ရရှိခဲ့ပြန်ပါတယ်။

မန်စီးတီးတို့ ဇယားထိပ်ကို ယာယီရောက်ခဲ့ပြီး အာဆင်နယ်နဲ့စပါးလည်း နိုင်ပွဲရခဲ့ 

ဂျူဗင်တပ်အသင်းက စီးရီးအေသာမက ဥရောပ ထိပ်တန်း လိဂ် ၅ ခုမှာ နိုင်ပွဲဆက် စံချိန်တွေ ရယူထားတဲ့ တစ်သင်းတည်းသော အသင်း လည်း ဖြစ်ပါတယ်။

Photo - REUTERS

 

စီးရီးအေနဲ့ အခြားသော ပြိုင်ပွဲတွေအားလုံးကိုလည်း အနိုင်ယူထားတဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်ပြီး ဂျူဗင်တပ်အသင်းအတွက် ဒီကနေ့ သွင်းဂိုးတွေကိုတော့ နောက်ခံလူ ဘိုနော့ဗ်ချီနဲ့ တိုက်စစ်မှူး မန်ဇူကစ်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာ အသစ်ခေါ်ယူထားတဲ့ ရော်နယ်ဒိုကတော့ ဂိုးမသွင်းပေမယ့် သွင်းဂိုး ၂ ဂိုးကိုတော့ ရရှိအောင် ဖန်တီးပေးနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

 

ဒါကြောင့်လည်း ရော်နယ်ဒိုအနေနဲ့ ဒီပွဲမှာ ဂိုးမသွင်းပေမယ့် သွင်းဂိုး ၂ ဂိုးကို ဖန်တီးပေးနိုင်ခဲ့လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ် ခြင်းခံခဲ့ရတာလည်း တွေ့ရပါတယ်။

နှစ်သင်းပေါင်း ၁၄၅ ကြိမ်မြောက်တွေ့ဆုံမှုမှာတော့ ဂျူဗင်တပ်အသင်းက ၆၇ပွဲနိုင်ပြီး နာပိုလီအသင်းက ၃၁ ပွဲနိုင်ထားကာ ကျန်ပွဲတွေကတော့ သရေကျထားပါတယ်။

ဂျူဗင်တပ်အသင်းကတော့ ၈ ပွဲဆက် အနိုင်ယူနိုင်ခဲ့တာဖြစ်သလို အခုနိုင်ပွဲကြောင့် စီးရီးအေမှာ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၁ နေရာက ရပ်တည် နေပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ နာပိုလီအသင်းကတော့ ဒုတိယမြောက် ရှုံးပွဲကြုံခဲ့တာ ဖြစ်ပြီး ၁၅ မှတ်နဲ့ အဆင့်  ၂နေရာမှာ ရပ်တည်နေပြီး ၎င်းရဲ့ နောက်မှာတော့ ဆာဆူအိုလိုက ၁ ၃မှတ်နဲ့လည်းကောင်း၊လာဇီယိုက`၁၂မှတ်နဲ့ အဆင့် ၄ နေရာမှာလည်းကောင်း၊ရိုးမားက ၁၁ မှတ်နဲ့ အဆင့် ၅ နေရာမှာ လည်းကောင်း အသီးသီးရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က