ပေါင်ခြံဒဏ်ရာရရှိသွားတာပါ။

ယမန်နေ့ညက မက်ဒရစ်ဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ ပထမပိုင်းအပြီးမှာ ပေါင်ခြံဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး ရီးရဲမက်ဒရစ်အသင်းဟာ ဂိုးရရှိဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။



bale-godin-real-madrid-atletico-madrid_1jvgxq7w25msq1xrw0y2ghxl16.jpg

ရီးရဲမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆီဗီလာအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် မက်ဒရစ်ဒါဘီပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိဖို့ ရည်မှန်းထားခဲ့တာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင် ခရစ်စတီယာနိုရော်နယ်ဒို မရှိတော့တဲ့နောက်ပိုင်းမှာ ဂါရတ်ဘေးလ်က ရီးရဲမက်ဒရစ်ရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ချင်နေသူဖြစ်ပါတယ်။

ဒါပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ ကံမကောင်းစွာနဲ့ပဲ ဂါရတ်ဘေးလ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ပထမပိုင်းအပြီးမှာ မဖြစ်မနေ လူစားလဲလှယ်ခဲ့ရပြီး ဒုတိယပိုင်းမှာ ရီးရဲမက်ဒရစ်အသင်းဟာ ဂါရတ်ဘေးလ်မပါဝင်ဘဲ ကစားခဲ့ရပါတယ်။ ဂါရတ်ဘေးလ်ဟာ ယခုရာသီမှာ ထိပ်တန်းအဆင့်ခြေစွမ်းပြသနေသူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းအတွက် ၃ ဂိုး သွင်းယူထားတဲ့ကစားသမားဖြစ်ပါတယ်။

 

ရီးရဲမက်ဒရစ်အသင်းဟာ အူအတက်ရောင်ဝေဒနာကြောင့် အစ္စကို အနားယူနေရချိန်မှာ နောက်ထပ်အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ကို ထပ်မံဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ဂိုးသမား ကော်တိုရစ်ဟာ အက်သလက်တီကိုနဲ့ပွဲစဉ်မှာ ဂရစ်ဇ်မန်းနဲ့ ဒီယေဂိုကော်စတာတို့ရဲ့ အပိုင်ဂိုးကန်သွင်းမှုတွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး ဆီဗီလာနဲ့ပွဲစဉ်က ပေးဂိုးတွေအတွက် ပြန်လည်ပေးဆပ်ခဲ့ပါတယ်။

ဂါရတ်ဘေးလ်ရဲ့နေရာမှာ လူစားဝင်ကစားခဲ့တဲ့ စီဘယ်လော့စ်ဟာ ဒုတိယပိုင်းပွဲကစားချိန်မှာ အထင်ကြီးလေးစားဖွယ်ခြေစွမ်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကို ကွင်းလယ်မှာ ပိုမိုလွှမ်းမိုးနိုင်အောင် ကစားပြနိုင်ခဲ့ပေမယ့် ဂိုးရရှိဖို့အတွက် မလုံလောက်ခဲ့တာဖြစ်ပါတယ်။ အဆန်စီယိုကလည်း ဂိုးရှေ့မှာ ဂိုးသမားနဲ့ တစ်ယောက်ခင်း အပိုင်ဂိုးကန်သွင်းခွင့်ရရှိခဲ့ပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ဂိုးသမား အော့ဘလက်က လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က