မက်ဆီက အဆင့် ၃ မှာသာရပ်တည်နေတာဖြစ်ပါတယ်။

ယခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြင်သစ်မဂ္ဂဇင်း L'Equipe က ချီးမြှင့်တဲ့ ဘလွန်းဒီအော်ဆုအတွက် အနိုင်ရရှိသူကို ဆုချီးမြှင့်သွားမှာဖြစ်ပြီး ဆန်ခါတင် ၃ ဦးစာရင်းကိုတော့ လာမယ့်အောက်တိုဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။ ဘလွန်းဒီအော်ဆုကို ရရှိနိုင်ဖို့အတွက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေအားလုံးကို ထည့်သွင်းစဉ်းစားမှာဖြစ်ပြီး ယခုလအတွင်း ဘလွန်းဒီအော်ဆုအတွက် အဆင့်သတ်မှတ်ချက် နံပါတ် ၁ ကနေ ၃ အတွင်းမှာရှိတဲ့ ကစားသမားတွေကိုက ဘယ်သူတွေများဖြစ်မလဲ။

 

၃။ လီယွန်နယ်မက်ဆီ

messi-759.jpg 

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ဘလွန်းဒီအော်ဆုကို လွဲချော်ခဲ့ပြီး ရော်နယ်ဒိုရဲ့နောက် ဒုတိယနေရာမှာသာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့စက်တင်ဘာလက အဆင့်သတ်မှတ်ချက် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ယခုလမှာ အဆင့် ၃ နေရာအထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာကြယ်ပွင့် မက်ဆီဟာ ပြီးခဲ့တဲ့လက ပီအက်စ်ဗွီ၊ ဟူစကာအသင်းတို့နဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး မက်ဆီအနေနဲ့ ၆ ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ဖို့အတွက် နောက်ထပ်သွင်းဂိုးတွေ များများလိုအပ်နေတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

၂။ ခရစ်စတီယာနိုရော်နယ်ဒို

 

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ သူ့ရဲ့အသင်းဖော်ကြယ်ပွင့်ကစားသမားတွေကို ကျေးဇူးတင်ရတော့မှာဖြစ်ပါတယ်။ ဗလင်စီယာအသင်းနဲ့ပွဲစဉ်က အငြင်းပွားဖွယ်အနီကတ်ဟာ ခရစ်စတီယာနိုရော်နယ်ဒိုကို ဘလွန်းဒီအော်ဆုအတွက် အဆင့်သတ်မှတ်ချက် ၁ ကနေ ၃ အတွင်းကနေ ထွက်သွားစေနိုင်တဲ့အထိ ဖြစ်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ အနီကတ်ဟာ တရားမျှတမှုမရှိဘဲ ထိုက်တန်မှုမရှိပေမယ့် ၎င်းရဲ့အဆင့်သတ်မှတ်ချက်အပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှု ရှိခဲ့တာဖြစ်ပါတယ်။ နာပိုလီအသင်းနဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘူးဆိုရင် ရော်နယ်ဒိုဟာ အဆင့် ၃ နေရာက မက်ဆီရဲ့နောက်ကိုတောင် ရောက်သွားနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ယခုရာသီမှာ ၃ ဂိုးသွင်း ၄ ကြိမ် ဂိုးဖန်တီးထားနိုင်ခဲ့ခြင်းမရှိဘဲ ပြီးခဲ့တဲ့ရာသီတုန်းကလို ရာသီဝက်အထိ ဂိုးပေါက်ပျောက်ဆုံးနေမယ်ဆိုရင် ဘလွန်းဒီအော်ဆုအတွက် မျှော်လင့်ချက် နည်းသွားမှာဖြစ်ပါတယ်။

 

၁။ လူကာမိုဒရစ်

 

ဒီနှစ်ကတော့ မိုဒရစ်ရဲ့နှစ်လို့တောင် ပြောရမှာဖြစ်ပါတယ်။ ဥရောပအကောင်းဆုံးကစားသမား၊ ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ မိုဒရစ်တစ်ယောက် ဘလွန်းဒီအော်ဆုကိုပါ ထပ်မံသိမ်းပိုက်နိုင်ဖွယ်ရှိနေပါတယ်။ မိုဒရစ်ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်ရယူနိုင်ခဲ့တဲ့အပြင် ၂၀၁၈ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်းကို ဒုတိယနေရာရရှိအောင် အဓိကစွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။

လူကာမိုဒရစ်အနေနဲ့ ဂိုးဖန်တီးမှုတွေ ပုံမှန်ပြုလုပ်ပြီး အကောင်းဆုံးပုံစံကို နောက်ထပ် ၂ လခန့် ဆက်လက်ထိန်းသိမ်းသွားနိုင်မယ်ဆိုရင် မိုဒရစ်ဟာ ကာကာရဲ့နောက်ပိုင်း ဘလွန်းဒီအော်ဆုကို ရော်နယ်ဒိုနဲ့ မက်ဆီကို ကျော်ဖြတ်ပြီး ပထမဆုံးရရှိတဲ့ ကစားသမားဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က