သွင်းဂိုးစံချိန်ကို လိုက်မီခဲ့တာပါ။

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ယနေ့နံနက်က တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းနဲ့အတူ စံချိန်ရေးထိုးခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။



lionel-messi-barcelona_rt9ac5g4x7w916zds84ny6wk9.jpg

ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့် မက်ဆီဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး စုစုပေါင်း ၁၀၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းအတွက် ၁၀၅ ဂိုး သွင်းယူပြီး အသင်းတစ်သင်းတည်းအတွက် ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားအဖြစ် စံချိန်သစ်တင်ထားခဲ့တာဖြစ်ပါတယ်။

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တာကြောင့် ၎င်းရဲ့စံချိန်မှာ ရပ်တန့်သွားခဲ့ပြီဖြစ်ပြီး လာမယ့်ပွဲစဉ်တွေမှာ လီယွန်နယ်မက်ဆီဟာ ရော်နယ်ဒိုရဲ့စံချိန်ကို ရိုက်ချိုးနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ တသက်တာသွင်းဂိုးအများဆုံးကစားသမားအဖြစ် စုစုပေါင်းသွင်းဂိုး ၁၂၀ ဂိုးနဲ့ ရပ်တည်နေဆဲဖြစ်ပြီး ဂျူဗင်တပ်အသင်းနဲ့အတူ နောက်ထပ်သွင်းဂိုးတွေ ထပ်မံသွင်းယူနိုင်ဦးမှာဖြစ်တာကြောင့် မက်ဆီအနေနဲ့ ရော်နယ်ဒိုရဲ့နောက်ထပ်စံချိန်တစ်ခုကို ရိုက်ချိုးနိုင်ဖို့ကိုတော့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က