မက်ဆီ နဲ့ ရော်နယ်ဒိုတို့လည်း ပါဝင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် ဘလွန်းဒီအောဆုအတွက် ဆန်ခါတင်ကစားသမား အယောက် (၃၀)စာရင်း ထွက်ပေါ်လာခဲ့ပါပြီ။ (၁၀)နှစ်တာကာလ အတွင်းမှာ ကစားသမား (၂)ဦးတည်းသာ တစ်လှည့်စီသိမ်းပိုက်နေခဲ့တဲ့ ဘလွန်းဒီအောဆုဟာ ဒီနှစ်မှာတော့ တခြားကစားသမားတစ်ဦး ရရှိဖို့အတွက် ရေပန်းအစားဆုံးအခြေအနေမှာ ရှိနေခဲ့ပါတယ်။

Photo : Marca

 

ရော်နယ်ဒို နဲ့ မက်ဆီတို့က (၁၀)နှစ်အတွင်းမှာ တစ်ဦးကို (၅)ကြိမ်စီ အလှည့်ကျသိမ်းပိုက်နေခဲ့ပြီး ဒီနှစ်မှာတော့ ရီးရဲလ်မက်ဒရစ် နဲ့ ခရိုအေးရှားကွင်းလယ်လူ လူကာမိုဒရစ်က ရရှိဖို့ ရေပန်းစားနေခဲ့တာပါ။ မိုဒရစ်သာ ရရှိခဲ့မယ်ဆိုရင် ဒီဆုကို (၁၀)နှစ်အတွင်း ပထမဆုံးအကြိမ် ရရှိတဲ့ ကစားသမားသစ်အဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

Photo : Independent

 

ပရီးမီးယားလိဂ်ကစားသမား (၁၁)ဦး၊ လာလီဂါကစားသမား (၁၄)ဦး ၊ ပြင်သစ်လီဂူးက (၃)ဦး၊ စီးရီးအေက (၂)ဦးနဲ့ စုစုပေါင်း အယောက် (၃၀) ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကစားသမားတွေ အများစုပါဝင်ခဲ့ပြီး ဆန်ခါတင်စာရင်းမှာ မက်ဒရစ် ကစားသမားတွေ လွှမ်းမိုးနိုင်ခဲ့ပါတယ်။

Photo : Independent

 

ပရီးမီးယားလိဂ်က ဆာလာ၊ အဂူရို၊ ဖာမီနို၊ အယ်လစ်ဆန်၊ ဟာဇက်၊ ဒီဘရိုင်း၊ ဟယ်ရီကိန်း၊ ကန်တေ၊ မာနေး၊ လိုရစ်၊ ပေါ့ဂ်ဘာတို့ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ပြင်သစ်လီဂူးကတော့ ပီအက်စ်ဂျီကစားသမား (၃)ဦး ပါဝင်ခဲ့ပြီး နေမာ၊ ဘာပေ နဲ့ ကာဗာနီတို့ ရွေးချယ်ခံခဲ့ရပါတယ်။ စီးရီးအေဘက်ကတော့ ဂျူဗင်တပ်စ်ကစားသမား (၂)ဦးဖြစ်တဲ့ ရော်နယ်ဒို နဲ့ မန်ဇူကစ်တို့ (၂)ဦးတည်းသာ ပါဝင်ခဲ့ပါတယ်။

Photo : Marca

 

စပိန်လာလီဂါဘက်ကတော့ မက်ဆီ၊ ရာကီတစ်၊ ဆွာရက်ဇ်၊ အစ္စကို၊ ရာမို့စ်၊ ဗာရာနီ၊ မာဆယ်လို၊ မိုဒရစ်၊ အော့ဘလက်၊ ဂရစ်မန်းဇ်၊ ဂိုဒင်၊ ဘန်ဇီမာ၊ ကော်တွိုက်၊ ဘေးလ်တို့ ပါဝင်လာခဲ့ကြပါတယ်။ ဒီဇင်ဘာလ (၃)ရက်နေ့မှာ ဆုရရှိသူကို ရွေးချယ်ကြေငြာသွားမှာ ဖြစ်ပါတယ်။ ဆုရရှိဖို့ ရေပန်းစားနေတဲ့ မိုဒရစ်ကတော့ ကမ္ဘာ့ဖလားရွှေဘောလုံးဆု၊ ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု နဲ့ ဖီဖာ The Best ဆုတို့ကို ရရှိထားပြီး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က