ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။ လေးပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရပြီးနောက်မှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ တိုက်စစ်ကစားသမားတစ်ဦး ထပ်မံခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။



 

စပိန်သတင်းစာ El Confidencial ရဲ့ ဖော်ပြချက်အရဆိုရင်တော့ စပါးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရမယ်ဆိုရင် ရီးရဲလ်အနေနဲ့ ဟယ်ရီကိန်းအတွက် ငွေကြေးပမာဏကို ကန့်သတ်ထားမှာမဟုတ်ပဲ ပြောင်းရွှေ့ကြေးအမြောက်အမြား အသုံးပြုပြီး ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ရီးရဲလ်ပရိသတ်တွေအတွက် တိုနီခရူးစ်ရေးတဲ့ စာတစ်စောင် 

 

ယူအီးအက်ဖ်အေရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက်အရ ချန်ပီယံလိဂ်အုပ်စုအဆင့် ကစားခဲ့တဲ့ ကစားသမားတစ်ယောက်ဟာ ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ အခြားအသင်းအတွက် ပါဝင်ကစားခွင့် ရရှိတော့မှာဖြစ်ပါတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ရီးရဲလ်က ဟယ်ရီကိန်းအတွက် ကြိုးပမ်းလာမှာဖြစ်ပါတယ်။ ယခင်စည်းကမ်းများအရတေ့ာ ချန်ပီယံလိဂ်ပွဲကစားခဲ့ပြီးတဲ့ ကစားသမားဟာ အသင်းပြောင်းရွှေ့ခဲ့ပါက ပြောင်းရွှေ့ခဲ့တဲ့အသင်းနဲ့အတူ ချန်ပီယံလိဂ်ပွဲတွေကို ကစားခွင့် မရှိဘူးလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

 

ရာသီအစပိုင်းမှာ ဂိုးသွင်းခြေစွမ်းတွေ ပြသခဲ့တဲ့ ရီးရဲလ်တိုက်စစ်ဟာ ဆီဗီလာနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကစပြီး သွင်းဂိုးတွေ မရရှိတော့တာ ဖြစ်ပါတယ်။ ရော်နယ်ဒို ထွက်ခွာခဲ့ပြီးနောက် မာရီယာနိုဒီယက်ဇ်ကို ပြန်လည်ခေါ်ယူပြီး တိုက်စစ်ကို အားဖြည့်ခဲ့ကာ ဘန်ဇီမာ၊ ဘေးလ်၊ အဆန်စီယို၊ ဗက်ကွက်ဇ်တို့နဲ့ ပေါင်းစပ်ခဲ့သလို လိုအပ်ပါက လူငယ်ကစားသမား ဗင်နီရှပ်ဂျူနီယာကိုလည်း အသုံးပြုနေခဲ့ပေမယ့် ရီးရဲလ်အတွက်ကတော့ ဂိုးပေါက်ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

 

ရီးရဲလ်အတွက် တစ်ရာသီကို အနည်းဆုံး ဂိုး (၅၀)သွင်းယူပေးခဲ့ ရော်နယ်ဒို ထွက်ခွာခဲ့တဲ့ ဒဏ်ကို ခံစားနေရတဲ့ ရီးရဲလ်အတွက် ဟယ်ရီကိန်းက မျှော်လင့်ချင်စရာကောင်းတဲ့ တိုက်စစ်ကစားသမားဖြစ်ပါတယ်။ ဇန်နဝါရီမှာ ရီးရဲလ်အနေနဲ့ ဟယ်ရီကိန်းကို အရခေါ်ယူနိုင်မှာလား ဆိုတာကိုတော့ စိတ်ဝင်တစားနဲ့ စောင့်မျှော်နေရပါဦးမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က