AD
AD
AD

ဘာစီလိုနာ အသင်းကနေ တူရကီကလပ် ဘာဆက်ဆီဟာ အသင်းကို အငှားနဲ့ သွားရောက်ကစားနေခဲ့တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား အာဒါတူရန်ဟာ ဗုဒ္ဓဟူးနေ့ညက တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က စားသောက်ဆိုင်တစ်ခုမှာ ရန်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ရန်ဖက်ကို နှာခေါင်းရိုးကျိုးအောင် ထိုးကြိတ်ခဲ့တယ်လို့ သိရပါတယ်။

play
Photo : Goal.com

 

Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဒါတူရန်ဟာ တူရကီနာမည်ကြီးအဆိုတော် ဘာကေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ စားသောက်ဆိုင် အတွင်းမှာ တူရန်ဟာ ဘာကေရဲ့ ဇနီးနားကို ချဉ်းကပ်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ တူရန် နဲ့ ဘာကေတို့ မျက်နှာချင်းဆိုင်ခဲ့ကြပြီးနောက် ထိုးကြိတ်ခဲ့ကြပါတယ်။

play
Photo : Goal.com

 

တူရန်က ဘာကေရဲ့ ဇနီးကို "ငါသာ လက်မထပ်ရသေးရင် မင်းလို မိန်းကလေးမျိုးကို ဘယ်တော့မှ မေ့လို့ရမှာမဟုတ်တော့ဘူး" လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဘာကေတို့ ဇနီးမောင်နှံ ထိုင်နေတဲ့ စားပွဲခုံနောက်မှာ အာဒါတူရန်နဲ့ သူ့ရဲ့ အဖော်တွေက ထိုင်နေခဲ့တာဖြစ်ပြီး တူရန်က ဘာကေတို့စားပွဲကို သွားရောက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

play
Photo : Marca

 

အာဒါတူရန်ရဲ့ ထိုးကြိတ်ခဲ့မှုကြောင့် ဘာကေရဲ့ နှာခေါင်းကျိုးသွားခဲ့ပြီး ချက်ချင်းဆိုသလို ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။ အာဒါတူရန်ဟာ သေနတ်ကိုင်ဆောင်ပြီး ဆေးရုံအထိ လိုက်ပါသွားခဲ့ပြီးနောက် ဘာကေရဲ့ ဇနီးကို အဆိုပါသေနတ်နဲ့ သူ့ကို ပစ်ဖို့ ပြောခဲတယ်လို့ တူရကီသတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

play
Photo : Goal.com

 

 အာဒါတူရန်ကတော့ ဒီသတင်းတွေကို ချက်ချင်းဆိုသလို သူ့ရဲ့ အင်စတာဂရမ်က တဆင့် ငြင်းဆိုမှု ပြုလုပ်သွားခဲ့ပါတယ်။ အသက် (၃၁)နှစ်အရွယ် အာဒါတူရန်က အက်သလက်တီကို၊ ဘာစီလိုနာတို့မှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ တူရကီကလပ်ကို အငှားနဲ့ပြောင်းရွှေ့ပြီး နောက်မှာလည်း မေလအတွင်းက ကစားခဲ့တဲ့ လိဂ်ပွဲစဉ်တစ်ခုမှာ ဒိုင်လူကြီးကို တွန်းထိုးခဲ့လို့ (၁၆)ပွဲပယ် ပြစ်ဒဏ်ကျခံခဲ့ရသူ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD