အွန်နရီကတော့ မိုနာကို အသင်းမှာ ကစားဖူတဲ့ ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

နည်းပြလီယိုနာဒိုအနေနဲ့ ဒီနှစ်မှာ အသင်းကို အကောင်းဆုံး မစွမ်းဆောင်ပေးနိုင်ပဲ အဆင့် ၁၈ နေရာထိ ဆင်းသက်ရပ်တည်နေရတာကြောင့် မိုနာကိုအသင်းက အခုလို နည်းပြပြောင်းလဲဖို့ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။



Photo - Die Welt

 

အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးအဖြစ် လူသိများခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ဟောင်း သီယာရီ အွန်နရီအနေနဲ့ မိုနာကို အသင်းရဲ့ နည်းပြသစ် စာရင်းထဲမှာ ထည့်သွင်းထားခြင်းခံရပြီလို့ သိရပါတယ်။

အဆိုတော်တစ်ဦးကို နှာခေါင်းရိုးကျိုးအောင် ထိုးကြိတ်ခဲ့တဲ့ အာဒါတူရန် 

လက်ရှိနည်းပြ လီယိုနာဒို ဂျာဒင်အနေနဲ့ အသင်းကို ရလဒ်ပိုင်း ကောင်းမွန်အောင်စွမ်းဆောင်ထားနိုင်ခြင်းမရှိလို့ ၎င်းနေရာမှာ အစားထိုးမယ့် သူ ကို မိုနာကိုအသင်းက ရှာဖွေပြီလည်း ဖြစ်ပါတယ်။

Photo - CBS Sports

 

လက်ရှိမှာ အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အွန်နရီအနေနဲ့ ၁၉၉၇ ခုနှစ်တုန်းက မိုနာကိုအသင်းကို လိဂ်(၁)ဖလား ရရှိအောင် ကစားသမား တစ်ဦးအဖြစ် စွမ်းဆောင်ပေးခဲ့ဖူးပါတယ်။

လက်ရှိနည်းပြ ဂျာဒင်ကတော့ ၂၀၁၆-၂၀၁၇ ခုနှစ်တုန်းက လိဂ်(၁)ဖလားကို ၂၀၀၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရယူပေးထား သူလည်း ဖြစ်ပါတယ်။

Photo - Sportzet

 

လီယိုနာဒိုကတော့ ၂၀၁၄ ခုနှစ်တုန်းက မိုနာကိုအသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လက်ရှိ ပီအက်စ်ဂျီအသင်းကို ရောက်ရှိနေတဲ့ ကိုင်လီဘတ်ပေး၊အက်သလက်တီကို မက်ဒရစ်အသင်းကို ရောက်နေတဲ့ သောမတ်စ်လီမာ၊မန်စီးတီးကိုရောက်နေတဲ့ ဘာနန်ဒိုဆေးလ်ဗားနဲ့ မန်ဒီ စတဲ့ အရည်အသွေးမြင့် ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

လက်ရှိ ဒီနှစ်မှာတော့ မိုနာကိုအသင်းအနေနဲ့ ၉ ပွဲကစားပြီးချိန်မှာ ရမှတ် ၆ မှတ်သာရရှိထားပြီး အဆင့် ၁၈ နေရာမှာ ရပ်တည်နေတာ ကြောင့် တန်းဆင်းဇုန်ထဲ ရောက်နေပါတယ်။

ဒါကြောင့် ဂျာဒင်ရဲ့ နေရာမှာ အခြားသော နည်းပြတစ်ဦးနဲ့ အစားထိုးဖို့ မိုနာကိုအသင်းက စီစဉ်လာချိန်မှာတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက တတိယရခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းကို လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အွန်နရီက ထိပ်ဆုံးက ရေပန်းစားနေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က