AD
AD
AD

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းကို အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းဟာ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကို ရောင်းချမိတဲ့အတွက် နောင်တနေပြီဖြစ်တယ်လို့ သိရပါတယ်။

play
Photos: Express

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဂျူလိုင်လမှာ ၉ နှစ်ကြာကစားခဲ့တဲ့ ရီးရဲမက်ဒရစ်ကစားသမားဘဝကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး စပိန်ကနေ အီတလီစီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ ဂျူဗင်တပ်အသင်းကို ပေါင် ၁၀၅သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။

 

ရီးရဲမက်ဒရစ်အသင်းဟာ ၎င်းတို့ရဲ့ဂိုးသွင်းစက် ခရစ်စတီယာနိုရော်နယ်ဒိုမရှိတဲ့နောက် နိုင်ပွဲရရှိဖို့ ရုန်းကန်နေရပြီး လော့ပတယ်ဂီရဲ့ပွဲဦးထွက်ရာသီမှာ ၄ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ပြီး နိုင်ပွဲပါ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ထွက်ခွာမှုဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကို ကမောက်ကမဖြစ်စေခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းဟာ ခါတိုင်းလိုမဟုတ်ဘဲ ပြိုင်ဘက်အသင်း ဂိုးရှေ့ရောက်ရင် ဘယ်သူ ဂိုးသွင်းရမှန်းမသိဖြစ်နေခဲ့ပါတယ်။

စပိန်ရေဒီယိုဌာနတစ်ခုဖြစ်တဲ့ Telemadrid ရဲ့ပြောကြားချက်အရ ရီးရဲမက်ဒရစ်အသင်းဟာ အသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို စိတ်ပျက်ဒေါသထွက်နေတယ်လို့ သိရပါတယ်။ ဂါရတ်ဘေးလ်ဟာ လစ်လပ်သွားတဲ့ ရော်နယ်ဒိုရဲ့နေရာမှာ အတတ်နိုင်ဆုံး ဟာကွက်မရှိအောင် လိုက်ဖြည့်နေရသူဖြစ်ပြီး ယခုအခါ ဝေးလ်လက်ရွေးစင်အသင်းအတွက် သွားရောက်ကစားပေးနေသူဖြစ်ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ မကြာသေးမီကမှ ဒဏ်ရာရရှိထားတဲ့ ဂါရတ်ဘေးလ်အနေနဲ့ နိုင်ငံတကာပွဲစဉ်ကို သွားရောက်ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ဒေါသထွက်နေပြီး ရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးရလောက်တဲ့ခြေစွမ်းမရှိဘူးလို့ ရီးရဲမက်ဒရစ်အသင်းက ခံစားနေရတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD