ဒီနှစ်ဘောလုံးရာသီမှာ အသင်းက တန်းဆင်းဇုန်ထဲ ရောက်နေတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကနေ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းလက်ထက်မှာ ၂၀၀၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဆုဖလားကို ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ပြန်လည်ရယူပေးနိုင်ခဲ့ပါတယ်။



Photo - Sportzet

 

ပြင်သစ်လီဂူးဝမ်းမှာ အဆင့် ၁၈ နေရာထိ ဆိုးရွားစွာ ရပ်တည်နေတာကြောင့် မိုနာကိုအသင်းဟာ နည်းပြ လီယိုနာဒို ဂျာဒင်ကို အသင်းကနေ တရားဝင်ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

အွန်နရီ မိုနာကို နည်းပြ ဖြစ်လာတော့မှာလား 

၂၀၁၄ ခုနှစ်တုန်းက အသင်းကို စတင်တာဝန်ယူ ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ၂၀၁၆-၁၇ ဘောလုံးရာသီမှာ လိဂ်(၁) အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့သသူ ဖြစ်ပါတယ်။

Photo - DNOTICIAS.PT

 

ဒါပေမယ့်လည်း ဒီနှစ်မှာ ၉ ပွဲကစားပြီးချိန်ထိ နိုင်ပွဲ တစ်ပွဲသာ ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပြီး အဆင့် ၁၈ ဆိုတဲ့ တန်းဆင်းဇုန်ထဲရောက်နေ လို့ မိုနာကိုအသင်းက ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

၎င်းနေရာမှာတော့ နည်းပြသစ် ဖြစ်လာမယ့်သူအဖြစ် တစ်ချိန်က အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သလို အာဆင်နယ်အသင်းနဲ့အတူ နာမည်ကြီးခဲ့ဖူးတဲ့ သီယာရီအွန်နရီက ရေပန်းစားနေပါတယ်။

Photo - CBS Sports

 

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အွန်နရီက ၁၉၉၇ ခုနှစ်တုန်းက မိုနာကို အသင်း အမှတ်ပေးချန်ပီယံဖြစ်ခဲ့စဉ်တုန်းက ကစားသမားတစ်ဦးအ ဖြစ် ပါဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

အခု အထုတ်ခံလိုက်ရတဲ့ ပေါ်တူဂီလူမျိုး ဂျာဒင်ကတော့ မိုနာကိုအသင်းကနေ ၎င်းလက်ထက်မှာ ကိုလီဘတ်ပေ၊ဘာနန်ဒိုဆေးလ်ဗား၊လီမာ၊ မန်ဒီ အစရှိတဲ့ အရည်သွေးမြင့်ကစားသမားပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အသင်းကို များစွာ အကျိုးပြုနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo - SAPO Desporto

 

ဒါပေမယ့်လည်း ဒီနှစ်မှာ ဆိုးရွားနေတဲ့ ရလဒ်ပိုင်းတွေကြောင့် အသင်းကတော့ ထုတ်ပယ်လိုက်ပြီ ဖြစ်တာကြောင့် ဂျာဒင်ရဲ့နေရာမှာ ထိပ်ဆုံးက ရေပန်းစားနေတဲ့ အွန်နရီကပဲ သတင်းတွေအတိုင်း နည်းပြသစ်ဖြစ်လာမလားဆိုတာ ရင်ခုန်စွာနဲ့ပဲ စောင့်မျှော်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က