ရာသီဝက်မှာ အငှားနဲ့ခေါ်ယူချင်နေတာပါ။

အယ်လ်အေဂလက်ဆီအသင်းအတွက် ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူပေးနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးဟောင်း ဇလာတန်အီဘရာဟီမိုဗစ်ကို နည်းပြမော်ရင်ဟိုက အိုးထရက်ဖို့်ဒ်ကို ပြန်လည်ခေါ်ယူတော့မယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။

zlatan-ibrahimovic-mls-all-star-game-1040x572.jpg

Photos: Sportskeeda

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇလာတန်အီဘရာဟီမိုဗစ်ဟာ အမေရိကန်မေဂျာလိဂ်မှာ အယ်လ်အေဂလက်ဆီအသင်းအတွက် ၂၅ ပွဲပါဝင်ကစားထားပြီး ၂၁ ဂိုးအထိ သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။

မန်ယူအသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ဂိုးရရှိဖို့ရုန်းကန်နေရတဲ့တိုက်စစ်အတွက် အီဘရာဟီမိုဗစ်ကို ပြန်လည်ခေါ်ယူပြီး အထောင်တိုက်စစ်နေရာမှာ အသုံးပြုလိုနေတာဖြစ်ပါတယ်။

Photos: Mirror

 

ESPN ရဲ့ရေးသားချက်အရ မော်ရင်ဟိုဟာ အယ်လ်အေဂလက်ဆီအသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို လက်ကျန်ပရီးမီးယားလိဂ်ရာသီကုန်ဆုံးချိန်အထိ အငှားနဲ့ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

အမေရိကန်မေဂျာလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေအနေနဲ့ ပရီးမီးယားလိဂ်ထက် စောစီးစွာ ရာသီကုန်ဆုံးမှာဖြစ်တဲ့အတွက် အသင်းပြောင်းရွှေ့နိုင်ပြီး လန်ဒန်ဒိုနိုဗန်ကလည်း အဲဗာတန်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Share

က္က