ရိုမက်ဂ်နိုလီကို စောင့်ကြည့်နေတာပါ။

ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အေစီမီလန်နောက်ခံလူ ရိုမက်ဂ်နိုလီကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။ အေစီမီလန်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေခဲ့တဲ့ ရိုမက်ဂ်နိုလီကို ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူပေးဖို့ မော်ရင်ဟိုက အသင်းကို ပြောဆိုထားတာ ဖြစ်ပါတယ်။

Photo : 90 min

 

ဂတ်တူဆိုရဲ့ လက်အောက်မှာ ခြေစွမ်းပြကစားနေခဲ့တဲ့ ရိုမက်ဂ်နိုလီဟာ အေစီမီလန်နောက်တန်းမှာ ဇာပါတာ၊ မူဆက်ချီယိုတို့နဲ့ တွဲဖက်ပြီး အကောင်းဆုံးခံစစ်ကြောင်းကို ပုံဖော်နေသူ ဖြစ်ပါတယ်။ အသက် (၂၃)နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးနည်းပြ ဆာရီက စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

Photo : 90 min

 

လက်ရှိချယ်လ်ဆီးအသင်းရဲ့ ဗဟိုခံစစ်မှာ ရူဒီဂါ နဲ့ ဒေးဗစ်လုဇ်တို့သာ အမာခံကစားသမားများအဖြစ် ရှိနေပြီး ဝါရင့်နောက်ခံလူ ကာဟေးလ်ကလည်း အသင်းက ထွက်ခွာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆာရီက မန်ချက်စတာယူနိုက်တက်အသင်း စိတ်ဝင်စားနေတဲ့ အီတလီ နောက်ခံလူကို ခေါ်ယူဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

Photo : 90 min

ဆာရီအနေနဲ့ အသင်းမှာ ဗဟိုနောက်တန်းကစားသမား ရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး လူငယ်နောက်ခံလူ ခရစ္စတန်ဆန်ကလည်း ပွဲကစားခွင့် ပုံမှန်မရရှိတာကြောင့် ချယ်လ်ဆီးက ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ "နာကျင်မှုတွေ အများကြီးနဲ့ မရပ်တည်ချင်တော့ဘူး၊ ကျွန်တော့့် အသက်က အခုမှ (၂၂)နှစ်ပဲ ရှိပါသေးတယ်၊ ကျွန်တော် ပွဲကစားချင်တယ်" လို့ ခရစ္စတန်ဆန်က Sky Sports နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

Photo : 90 min

 

မော်ရင်ဟိုက ရိုမက်ဂ်နိုလီကို ခေါ်ပေးဖို့ အသင်းကို တောင်းဆိုထားတဲ့အချိန်မှာပဲ ဆာရီကလည်း ဒီကစားသမားကို စောင့်ကြည့်နေတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ဆာရီ နဲ့ မော်ရင်ဟိုတို့ရဲ့ ရိုမက်ဂ်နိုလီ လွန်ဆွဲပွဲမှာ ဘယ်သူက အသာစီးရသွားမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါပြီ။

Share

Loading Next Article...
က္က