ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသူဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ အသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ဂါရတ်ဘေးလ်ကတော့ အသင်းမှာသာ ဆက်လက်ရှိနေလိုတယ်လို့ Metro က ရေးသားထားပါတယ်။ ဂါရတ်ဘေးလ်ဟာ ဒဏ်ရာမကြာခဏ ရရှိနေတာကြောင့် အသင်းအတွက် လိုအပ်တဲ့အချိန်မှာ အားထားလို့မရတာကြောင့် ရီးရဲမက်ဒရစ်အသင်းက စိတ်ပျက်နေတာဖြစ်ပါတယ်။

gettyimages-1047218066.jpg



ဂါရတ်ဘေးလ်ကို မန်ချက်စတာယူနိုက်တက်အသင်းက တော့တင်ဟမ်ဟော့စပါးအသင်းမှာ ကစားနေစဉ်အချိန်ကတည်းက စောင့်ကြည့်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

ရီးရဲမက်ဒရစ်အသင်းဟာ ဒဏ်ရာတွေနဲ့ လုံးပမ်းနေရတဲ့ ဂါရတ်ဘေးလ်ကို စိတ်ရှည်လက်ရှည်နဲ့ မစောင့်ဆိုင်းနိုင်ဖြစ်နေပြီး ယခုနွေရာသီမှာ ထွက်ခွာသွားတဲ့ ထိပ်တန်းဂိုးသွင်းရှင် ခရစ်စတီယာနိုရော်နယ်ဒိုရဲ့လစ်လပ်သွားတဲ့နေရာကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မယုံကြည်တော့တာဖြစ်ပါတယ်။

 

ဂါရတ်ဘေးလ်ကတော့ စပိန်မှာ ပျော်ရွှင်နေပြီး လာမယ့်နွေရာသီမှာ အသင်းက ရောင်းထုတ်ဖို့ ကြိုးပမ်းလာခဲ့ရင်လည်း တတ်နိုင်သမျှ ခုခံကာကွယ်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်နည်းပြဟောင်း ဇီဒန်းဟာ ၂၀၁၇ ခုနှစ်နွေရာသီတုန်းက ဂါရတ်ဘေးလ်ကို ရောင်းထုတ်ချင်ခဲ့ပေမယ့် အသင်းဥက္ကဌက လက်မခံခဲ့တာကြောင့် ရောင်းမထုတ်ဖြစ်ခဲ့ဘဲ အသင်းမှာ ဆက်လက်ရှိနေခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က