ပြင်သစ်အသင်းရဲ့အောင်မြင်မှုက ၎င်းကိုနာကျင်စေတယ်လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ဝါရင့်နောက်ခံကစားသမား ကိုစီရယ်နီဟာ ပြင်သစ်လက်ရွေးစင်ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုဟာ ၎င်းရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နာကျင်စေခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

gettyimages-545932262.jpg

Photos: Metro



အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုစီရယ်နီဟာ ပြီးခဲ့တဲ့ရာသီကုန်က ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဖနောင့်ရိုးနဲ့ ခြေသလုံးကို ဆက်သွယ်ပေးတဲ့ အရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့သူဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားကို ထပ်မံကိုင်မြှောက်နိုင်ခဲ့ပြီး ကိုစီရယ်နီက ပြင်သစ်အသင်းရဲ့ အောင်မြင်မှုဟာ ၎င်းရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နာကျင်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Photos: Metro

 

"ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားအောင်ပွဲက ကျွန်တော် ဒဏ်ရာရရှိခဲ့တုန်းနာကျင်ရတာထက် ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာကို အများကြီး ထိခိုက်နာကျင်စေခဲ့ပါတယ်"

"ကျွန်တော် ပြင်သစ်အသင်းအတွက် အရာအားလုံးကို ပေးဆပ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော့်အသက်က ၃၃ နှစ်ရှိပါပြီ။ ကျွန်တော် ပြင်သစ်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲ ၂ ကြိမ်၊ ကမ္ဘာ့ဖလား ၁ ကြိမ်ကစားခဲ့ပြီးပါပြီ"

"ပြင်သစ်အသင်းက အခုအချိန်မှာ ကောင်းမွန်တဲ့မျိုးဆက်ရဲ့ ကောင်းမွန်တဲ့ကစားသမားတွေ ရှိနေပါပြီ။ ကျွန်တော့်ဒဏ်ရာက ကျွန်တော့်ဆုံးဖြတ်ချက်ကို မပြောင်းလဲစေပါဘူး"

"ပြင်သစ်အသင်းအတွက်ကစားပေးခဲ့တာကတော့ ပြီးဆုံးသွားပါပြီ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က