နှစ်ယောက်လုံးကို ချီးကျူးခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြပက်ဂွာဒီယိုလာက မက်ဆီ နဲ့ ရော်နယ်ဒိုတို့ နှစ်ဦးကို ချီးကျူးစကားပြောဆိုခဲ့ပြီး ဘောလုံးလောကရဲ့ ခေတ်တစ်ခေတ်ကို ဦးဆောင်နိုင်ခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ဟာ ပြီးခဲ့တဲ့ (၁၀)နှစ်အတွင်း ဘောလုံးလောကမှာ ပြိုင်ဘက်မရှိ မင်းမူနိုင်ခဲ့တဲ့ ကစားသမားနှစ်ယောက်လည်း ဖြစ်ပါတယ်။

Photo : Eurosports



 

၂၀၀၇ ခုနှစ်မှာ ဘရာဇီးလ်ကစားသမား ကာကာက ဘလွန်းဒီအောဆုကို ရယူနိုင်ခဲ့ပြီးနောက် (၁၀)နှစ်အတွင်းမှာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့က တစ်ယောက်ကို (၅)ကြိမ်စီ အဆိုပါဆုကို အလှည့်ကျ ရယူနိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာကတော့ ဘာစီလိုနာနည်းပြအဖြစ် တာဝန်ယူခဲ့စဉ်က မက်ဆီနဲ့ လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။

Photo : EuroSports

 

"လီယိုက အားလုံးပြီးပြည့်စုံသူပါ၊ ပြင်းထန်ရက်စက်တဲ့ သားရဲတစ်ကောင်လိုပါပဲ၊ သူက အရှုံးဆိုတဲ့အရာကို ကလေးဘဝကတည်းက မုန်းတီးသူဖြစ်ပြီး အနိုင်ရဖို့ အားထုတ်ခဲ့တာပါ၊ ပွဲကြီးပွဲကောင်းတွေမှာဆို အသင်းအနေနဲ့ သူ့ကို ကူညီပေးခဲ့မယ်ဆိုရင် သူက မတူကွဲပြားတာတွေကို စွမ်းဆောင်ပေးနိုင်သူပါ"

Photo : ESPN

 

"ရော်နယ်ဒိုရော၊ မက်ဆီနဲ့ပါ ကျွန်တော်တို့တွေ အတူတူရှိခဲ့ကြပြီး သူတို့နှစ်ယောက်ရဲ့ မယုံကြည်နိုင်စရာ ခေတ်တစ်ခုမှာ ကျွန်တော်တို့ ရှင်သန်ခဲ့ကြပါတယ်၊ တစ်ရာသီကို ဂိုး (၅၀)လောက်သွင်းပြီး (၁၀)နှစ်တာကာလကို ဖြတ်သန်းခဲ့ကြတာ မယုံကြည်နိုင်စရာပါပဲ၊ ဒါက တစ်နှစ်တည်း မဟုတ်ပါဘူး၊ တစ်နှစ်ပြီးတစ်နှစ်ပါ" လို့ ဂွာဒီယိုလာက ချီးကျူးခဲ့ကြပါတယ်။

Photo : Goal.com

 

ဂွာဒီယိုလာကတော့ ဘာစီလိုနာနည်းပြအဖြစ်နဲ့ လာလီဂါဖလား (၃)လုံး၊ ကိုပါဒယ်ရေးဖလား (၂)လုံး၊ ချန်ပီယံလိဂ်ဖလား (၂)လုံးအပါအဝင် အခြားဆုဖလား အများအပြားကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကို (၄)နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ ဘိုင်ယန်နည်းပြအဖြစ် (၃)နှစ်ကြာ တာဝန်ယူခဲ့ပြီး လက်ရှိမှာ မန်စီးတီးနည်းပြအဖြစ် တာဝန်ယူနေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က