စိတ်ရှည်သည်းခံပေးဖို့ တောင်းဆိုခဲ့တာပါ။

အီတလီလက်ရွေးစင်အသင်းရဲ့နည်းပြ ရောဘတ်တိုမန်စီနီက ယမန်နေ့ညက ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ အီတလီအသင်းက အနိုင်ရရှိခဲ့ပေမယ့် ပရိသတ်တွေရဲ့မျှော်မှန်းချက်တွေ မပြင်းထန်ကြဖို့ လိုအပ်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

5042522-6275139-image-a-49_1539550021080.jpg

မန်စီနီက ၎င်းဟာ အသင်းရဲ့ကံတရားကို ပဉ္စလက်ဆန်ဆန် တိုးတက်အောင် ပြောင်းလဲပေးနိုင်တဲ့ မှော်အစွမ်းရှိသူမဟုတ်တာကြောင့် ပရိသတ်တွေအနေနဲ့ ၎င်းနဲ့ အီတလီလက်ရွေးစင်အသင်းကို စိတ်ရှည်သည်းခံပေးကြဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အီတလီအသင်းဟာ ဒုတိယပိုင်းပွဲကစားချိန်ပြည့်မြောက်ဖို့ ၅ မိနစ်အလိုမှသာ ထောင့်ကန်ဘောကနေတစ်ဆင့် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး အနိုင် ၃ မှတ်ကို ပွတ်ကာသီကာရရှိသွားခဲ့တာဖြစ်ပါတယ်။ အီတလီအသင်းအတွက် နောက်ကျအနိုင်ဂိုးကို ခရစ်စတီယာနိုဘီရာဂီက သွင်းယူပေးခဲ့ပြီး အနိုင်ရရှိခဲ့ပေမယ့် အီတလီအသင်းသားတွေဟာ စိတ်ပျက်နေပုံပေါက်နေခဲ့ပါတယ်။

 

မန်စီနီဟာ အသင်းရဲ့စွမ်းဆောင်ရည်ကို အားရကျေနပ်မှုရှိခဲ့ပြီး အနိုင် ၃ မှတ်နဲ့ လုံးဝထိုက်တန်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မန်စီနီက ပရိသတ်တွေအနေနဲ့ မျှော်မှန်းချက်တွေ အရမ်းမပြင်းထန်ကြဖို့ လိုအပ်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

"ကျွန်တော်တို့ အနိုင်ရရှိခဲ့ပါတယ်"

"ကျွန်တော်တို့ အစောပိုင်းကတည်းက ဂိုးရရှိခဲ့သင့်ပါတယ်။ တကယ်လို့ ပွဲကသာ ဂိုးမရှိသရေနဲ့သာပြီးဆုံးသွားမယ်ဆိုရင် လုံးဝတရားမျှတမှုရှိမှာမဟုတ်ပါဘူး"

"အသင်းသားတွေအားလုံးက သူတို့ရဲ့အကောင်းဆုံးတွေကို ပေးခဲ့ကြပါတယ်။ အချိန်နည်းနည်းယူရမယ်ဆိုတာကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီနိုင်ပွဲကတော့ အရမ်းကောင်းမွန်တဲ့တစ်ခုပါ။ ကျွန်တော်တို့ အများကြီး တိုးတက်လာနိုင်ပါတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံမှုတော့ ရှိရပါမယ်"

"ခေတ်သစ်တစ်ခုကတော့ စတင်ခဲ့ပြီးပါပြီ။ ဒါပေမယ့် အဲဒီမှာ မှော်အစွမ်းတွေနဲ့ လုပ်နိုင်တဲ့အရာတွေ မရှိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က