ယူရိုသန်း (၁၀၀)အထိ သတ်မှတ်ခဲ့တာပါ။

စီးရီးအေကလပ် နာပိုလီအသင်းဟာ သူတို့အသင်းရဲ့ နောက်ခံလူ ကူကီဘလီအတွက် ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ကူလီဘလီကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားလာပြီးနောက်မှာ နာပိုလီက ပေါင်(၈၈)သန်းအထိ ကူလီဘလီအတွက် ဈေးနှုန်းသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။



Photo : 90 min

 

အသက် (၂၇)နှစ်အရွယ် ကစားသမားဟာ နာပိုလီကို ၂၀၁၄ ခုနှစ်က ရောက်ရှိလာတာ ဖြစ်ပါတယ်။ နာပိုလီမှာ အဓိကကစားသမားအဖြစ် ကူလီဘလီက ခြေစွမ်းပြနေခဲ့ပါတယ်။ ဒါကြောင့်လည်း ကူလီဘလီကို ဥရောပထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားနေခဲ့ပေမယ့် ကစားသမားနဲ့ အသင်းကြားမှာ (၅)နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

မက်ဆီ နဲ့ ရော်နယ်ဒို ပြိုင်ဆိုင်မှုမှာ ကြားနေခဲ့တဲ့ ဂွာဒီယိုလာ 

Photo : 90 min

 

အီတလီသတင်းစာ Calciomercato ရဲ့ ဖော်ပြချက်အရ နာပိုလီအနေနဲ့ ကူလီဘလီအတွက် ပေါင် (၈၈)သန်း ရမှသာ ရောင်းချဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ စာချုပ်သစ် ချုပ်ဆိုထားမှုအရလည်း နာပိုလီက ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိတာ သိသာနေပေမယ့် ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့လို အသင်းတွေရဲ့ စိတ်ဝင်စားမှုကြောင့် တန်ဖိုးကြီးကြီးမားမား သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Photo : 90 min

 

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ကူလီဘလီကို မန်ယူအသင်းက ယူရိုသန်း ၉၀ နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် နာပိုလီက ရောင်းချဖို့ဆန္ဒမရှိဘူးလို့ တုံ့ပြန်ခဲ့တယ်လို့လည်း Calciomercato က ဖော်ပြခဲ့ပါတယ်။ လက်ရှိဘောလုံးရာသီမှာ ခံစစ်ပိုင်း အားနည်းမှုတွေ ရင်ဆိုင်နေရတဲ့ စပိန်ထိပ်တန်းနှစ်သင်းကလည်း ကူလီဘလီကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့လို့ နာပိုလီအတွက် အခက်တွေ့နေရတာ ဖြစ်ပါတယ်။

Photo : 90 min

 

နာပိုလီအတွက် စုစုပေါင်း (၁၇၄)ပွဲအထိ ကစားပေးခဲ့တဲ့ ကူလီဘလီကို နာပိုလီနည်းပြ အန်ဆယ်လော့တီကလည်း အသင်းရဲ့ အဓိက ကစားသမားအဖြစ် သတ်မှတ်ထားတာမို့ ခေါ်ယူဖို့အတွက်ကတော့ ခက်ခဲမှာ ဖြစ်ပါတယ်။ နာပိုလီအသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပမာဏ အတိုင်း ပေးချေပြီး ခေါ်ယူခဲ့မယ်ဆိုရင်တော့ ကူလီဘလီဟာ ကမ္ဘာ့ဈေးအကြီးဆုံး နောက်တန်းကစားသမားအဖြစ် ပေါင်၇၅သန်းတန် လီဗာပူးလ်နောက်တန်း ဗန်ဒိုက်ရဲ့ ဂုဏ်ပုဒ်ကို လွှဲပြောင်းရယူနိုင်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က