ဂျာမနီနဲ့ပွဲမှာတော့ တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာနံရိုးဒဏ်ရာရခဲ့ပြီး အကင်းမသေသေးပဲ ဂျာမနီပွဲ ဝင်ကစားခဲ့လို့ အခုချိန်မှာတော့ ဘယ်လ် ဂျီယံနဲ့ ခြေစမ်းပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

Photo - 10z Soccer

 

လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူ ဗန်ဒိုက်အနေနဲ့ နိုင်ငံအသင်းဖြစ်တဲ့ နယ်သာလန်အသင်းအတွက် ပါဝင်ကစားပေးနိုင်ဦးမှာ မဟုတ်ပဲ အကြောင်းကတော့ နံရိုး ဒဏ်ရာရရှိထားတာကြောင့် ဖြစ်ပါတယ်။

နယ်သာလန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီး တန်းဆင်းရဖို့နီးစပ်နေပြီဖြစ်တဲ့ ဂျာမနီ 

လာမယ့် ကြာသပတေးနေ့မှာ ကစားမယ့် ဘယ်လ်ဂျီယံနဲ့ ခြေစမ်းပွဲကို လွဲချော်မှာ ဖြစ်ပြီး ဒီသတင်းကိုတော့ BBC SPORT သတင်းဌာနက ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

 

စက်တင်ဘာလ ၂၂ ရက်နေ့က ကစားခဲ့တဲ့ လီဗာပူးနဲ့ ဆောက်သမ်တန်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နံရိုး ဒဏ်ရာကို ခံစားခဲ့ရတာ ဖြစ်ပေမယ့် လည်း ပြီးခဲ့တဲ့ စနေနေ့က ဂျာမနီကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာတော့ ပါဝင်ကစားခဲ့ပါတယ်။

အဲ့ဒီပွဲမှာ အဖွင့်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပေမယ့် ဆောက်သမ်တန်နဲ့ပွဲမှာကတည်းက ရရှိထားတဲ့ ဒီ နံရိုး ဒဏ်ရာက မသက်သာသေးပဲ ေ၀ ဒနာ အကြွင်းအကျန် ကျန်ရှိနေသေးတဲ့ ဒဏ်ကို ခံစားနေရတယ်လို့ ဆိုပါတယ်။

Photo - TheWorldNews

 

ဒါကြောင့် ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်က ဗန်ဒိုက်ကို လာမယ့် ဘယ်လ်ဂျီယံအသင်းနဲ့ ကစားမယ့် နယ်သာလန်အသင်း လူစာရင်းကနေ နှုတ်ထွက် ခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ လီဗာပူးအသင်းမှာတော့ ဆာလာကလည်း အီဂျစ်အသင်းနဲ့ကစားခဲ့တဲ့ ပွဲမှာ ကြွက်သားဒဏ်ရာရလို့ ပြန်လာခဲ့ပြီး အခုတစ်ဖန် လည်း ဗန်ဒိုက်က နံရိုးဒဏ်ရာ မသက်သာသေးလို့ ပြန်လာရတဲ့အတွက် ဒဏ်ရာ အကင်းမသေသေးတဲ့ ကစားသမားတွေ များနေပါပြီ။

လီဗာပူးအသင်းကတော့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ဟက်ဒါဖီးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၉)ကို ကစားရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က