ရေရှည်အသုံးပြုဖို့ ရည်ရွယ်ထားတာပါ။

ဘာစီလိုနာအသင်းဟာ အသင်းတိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ရဲ့ နေရာကို အစားထိုးဖို့အတွက် ကစားသမား (၂)ဦးကို စောင့်ကြည့်နေတယ်လို့ 90 min က ဖော်ပြလိုက်ပါတယ်။ ဘာစီလိုနာအသင်းကို ၂၀၁၄ ခုနှစ်က ပြောင်းရွှေ့ခဲ့တဲ့ ဆွာရက်ဇ်ဟာ အသင်းနဲ့အတူ လာလီဂါဖလား (၃)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ရရှိခဲ့ပြီး ဖြစ်ပါတယ်။



 

တဖြည်းဖြည်းနဲ့ ခြေစွမ်းကျဆင်းလာတဲ့ ဆွာရက်ဇ်ရဲ့ နေရာကို အစားထိုးဖို့ ဘာစီလိုနာက အလျှင်အမြန်ဆောင်ရွက်နေပြီး တိုက်စစ်မှူးရှာဖွေနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်း စောင့်ကြည့်နေတဲ့ ကစားသမား (၂)ဦးကတော့ နီကိုးလပ်စ်ပီပီ နဲ့ ပီယာတက်ခ်တို့ဖြစ်တယ်လို့ သိရပြီး အသင်းမှာ ရေရှည်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

မက်ဆီ နဲ့ ရော်နယ်ဒို ပြိုင်ဆိုင်မှုမှာ ကြားနေခဲ့တဲ့ ဂွာဒီယိုလာ 

 

ပီပီကတော့ အသက် (၂၃)နှစ်သာ ရှိသေးပြီး အိုင်ဗရီကို့စ်လက်ရွေးစင် ဖြစ်ပါတယ်။ လက်ရှိမှာ ပြင်သစ်ကလပ် လိုင်လီအသင်းမှာ ကစားနေတာဖြစ်ပြီး ဒီရာသီမှာ (၉)ပွဲကစားအပြီး (၆)ဂိုးအထိ သွင်းယူပေးထားတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ ပီပီကို ခေါ်ယူဖို့ အာဆင်နယ် နဲ့ ဘိင်ယန်မြူးနစ်တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

နောက်ထပ်တစ်ယောက်ကတော့ ပိုလန်တိုက်စစ်မှူး ပီယာတက်ခ်ဖြစ်ပြီး အီတလီကလပ် ဂျီနိုအာအသင်းမှာ ကစားနေတာဖြစ်ပါတယ်။ ပီယာတက်ခ်ကလည်း အသက် (၂၃)နှစ်သာ ရှိသေးပြီး ဒီရာသီ ဥရောပရွှေဖိနပ်ဆုဇယားမှာ ပီယာတက်ခ်က သွင်းဂိုး (၉)ဂိုးနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့အထိ ခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။

 

ပီယာတက်ခ်ကို လီဝန်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာ ပီယာတက်ခ်အတွက် တန်ကြေးကို ဂျီနိုအာအသင်းက ယူရိုသန်း ၆၀ သတ်မှတ်ထားပြီး အဆိုပါဈေးနှုန်းပေးချေပါက ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပီယာတက်ခ်ကို နာပိုလီ၊ လီဗာပူးလ်တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။

Share

Loading Next Article...
က္က